Posted on

Price is your choice

ကျွန်တော် လူနာတွေကို ဆေးရေးပေးတဲ့အခါတိုင်း စဉ်းစားမိလေ့ရှိတယ်။ ဆေးတစ်မျိုးတည်းကို ရနိုင်တဲ့ Brand အမျိုးမျိုး ဈေးအမျိုးမျိုးရှိကြောင်း သူတို့အတွက် ရေရှည်အဆင်ပြေပြေ သောက်နိုင်မဲ့ တစ်မျိုးကို ရွေးနိုင်ကြောင်း ရွေးချယ်ခွင့် ပေးချင်မိတယ်။

တွေးကြည့်ရင် စားဝတ်နေရေးအတွက် အိမ်၊ ကား၊ ဖုန်း၊ အစားသောက် စသည်ဖြင့် item အမျိုးမျိုးကို မိမိ တတ်နိုင်တဲ့ သင့်တော်တဲ့ အမျိုးအစား ရွေးချယ်ခွင့် ရှိနေပေမဲ့ ဆေးတွေကို အဲ့လို ရွေးချယ်စရာ ချပြလေ့ သိပ်မရှိဘူး။

အာနိသင်လည်း သိပ်မကွာလောက်ဘူး ရွေးချယ်စရာလည်း ရှိတယ်ဆိုရင် ကျန်းမာရေးအတွက် ညွှန်ကြားတဲ့ ဆေးတွေကို မိမိနှစ်သက်ရာ Brand ရွေးချယ် သောက်သုံးကြမှာ သေချာတယ်။

ချမ်းသာတဲ့သူကလည်း ချမ်းသာတဲ့အလျှောက်၊ ငွေကြေးချင့်ချိန်ရတဲ့ သူတွေလည်း ချင့်ချိန်ရတဲ့အလျှောက်ပေါ့။

Continue reading Price is your choice