Posted on

IBS အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါ

IBS IBS ဆိုတဲ့ ရောဂါနာမည်ကို ကြားဖူးနားဝ ရှိနေကြမယ် ထင်ပါတယ်။ နာမည် အရှည်ကတော့ Irritable Bowel Syndrome ဖြစ်ပါတယ်။
အူလမ်းကြောင်းပြဿနာကြောင့် ခံစားရတဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်။
ဗိုက်အောင့်တယ် ဝမ်းလျှော/ဝမ်းပျော့လာတယ် သို့မဟုတ် ဝမ်းချုပ်လာတယ် သို့မဟုတ် ဝမ်းလျှောလိုက် ဝမ်းချုပ်လိုက် ဖြစ်နေတယ်ဆိုတာ ဒီရောဂါရဲ့ အဓိက လက္ခဏာ ဖြစ်ပါတယ်။

⚛ အဖြစ်များသလား
အဖြစ်များပါတယ်။ လူတစ်ရာမှာ ဆယ်ယောက်-အယောက်နှစ်ဆယ်လောက် ဖြစ်နိုင်ပါတယ်။ အသက် ၂၀-၄၀ ဝန်းကျင်လောက်မှာ စဖြစ်လေ့ရှိပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

⚛ ဘာကြောင့်ဖြစ်သလဲ

Continue reading IBS အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါ
Posted on

ဝမ်းလျှောခြင်း

ပြီးခဲ့တဲ့ အပတ်က #ဝမ်းချုပ်ခြင်း အကြောင်း ပြောပြပြီးပြီဆိုတော့ ဒီတစ်ပတ် #ဝမ်းလျှောခြင်း အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။

(၂၄) နာရီအတွင်း #ဝမ်းပျော့ပျော့ (BSFS ဝမ်းပုံစံ ၅၊ ၆၊ ၇) #သုံးကြိမ်နဲ့အထက် သွားရင် ဝမ်းလျှောတယ်လို့ သတ်မှတ်ပါတယ်။

#Acute_Diarrhoea #ရုတ်တရက်ဖြစ်သောကာလတိုဝမ်းလျှောခြင်း လို့ ဘာသာပြန်ရမယ်ထင်ပါတယ်။ ကာလတို ဆိုတဲ့အတိုင်း #(၁၄)ရက် (၂ ပတ်) မကျော်ပဲ ပျောက်ပါတယ်။ လူတိုင်းနီးပါး ဖြစ်ဖူးကြတဲ့ ဝမ်းလျှောခြင်းက ဒီအမျိုးအစားပဲ ဖြစ်ပါတယ်။

Continue reading ဝမ်းလျှောခြင်း