Posted on

COVID-19 ရောဂါကူးစက်ပုံ

❝ လူတစ်ဦးမှတစ်ဦးသို့ ❞

ကူးစက်ခံရသူတစ်ဦးမှ တခြားတစ်ဦးသို့ ပျံ့နှံ့ကူးစက်ခြင်းသည် ဗိုင်းရပ်စ်ကူးစက်သည့် အဓိကနည်းလမ်းဖြစ်သည်။

¤ ရောဂါရှိသူနှင့် (၆) ပေထက် နီးကပ်စွာ ရှိခြင်း

¤ ရောဂါရှိသူ ချောင်းဆိုးနှာချေရာတွင် အသက်ရှုလမ်းကြောင်းမှ ထွက်လာသော အမှုန်အမွှားများမှ ကူးစက်ခြင်း

ရောဂါရှိပြီး ချောင်းဆိုး၊ နှာချေသူနှင့် (၆) ပေအကွာအဝေးအတွင်းရှိသူများသည် ထိုအမှုန်အမွှားများ ပါးစပ်၊ နှာခေါင်းအတွင်းဝင်လာ၍သော်လည်းကောင်း၊ အဆုတ်အတွင်းရှုသွင်းမိ၍ သော်လည်းကောင်း ကူးစက်ခံရနိုင်ပါသည်။

Continue reading COVID-19 ရောဂါကူးစက်ပုံ
Posted on

COVID ဖြစ်တဲ့လူနာဆီက ဘယ်နှစ်ရက်ကြာအထိကူးနိုင်သေးလဲ

လူနာအများစုမှာ လက္ခဏာစပြပြီးနောက် (၁၀) ရက်ကျော်ရင် မကူးနိုင်တော့ပါဘူး။

စစ်လို့ ပိုးတွေ့ပေမဲ့ လက္ခဏာမပြတဲ့သူတွေမှာ Positive ဖြစ်ပြီး (၁၀) ရက်ကျော်ရင် မကူးနိုင်တော့ပါဘူး။

လက္ခဏာစပြပြီး (၁၀) ရက်ကျော်မယ်၊ အဖျားကျဆေးမလိုပဲ မဖျားတော့တာ (၂၄) နာရီကျော်မယ်၊ တခြားလက္ခဏာတွေလည်းသက်သာလာမယ် ဆိုရင် လူနာကို Isolation အနေနဲ့ သီးသန့်ခွဲထားတာကို ရပ်လို့ရပြီလို့ ဆိုပါတယ်။

Continue reading COVID ဖြစ်တဲ့လူနာဆီက ဘယ်နှစ်ရက်ကြာအထိကူးနိုင်သေးလဲ
Posted on

COVID-19 ခုခံစွမ်းအား

➤ အမှတ်မမှားစေဖို့

COVID ဖြစ်ပြီး ရောဂါခုခံစွမ်းအား Antibody စစ်ကြည့်ကြတယ်။ အွန်လိုင်းမှာ ပြန့်နေတဲ့ Interpretation ပုံလေးတွေကြည့်ပြီး ယူဆချက်တွေ လွဲနေတာကို တွေ့ရပါတယ်။

မှားနေတဲ့ယူဆချက်များ

—————————-

IgM ပေါ်နေသေးရင် ပိုးကူးနိုင်သေးတယ်

IgG ပေါ်ရင်ရောဂါ ကာကွယ်နိုင်စွမ်းရှိနေပြီ

—————————-

အမှန်ကတော့

Continue reading COVID-19 ခုခံစွမ်းအား
Posted on

COVID-19 ကာကွယ်ဆေးများ

⇰ ကိုဗစ်ကာကွယ်ဆေး

မထိုးရသေးတဲ့သူတွေ ထိုးကိုထိုးသင့်ပါတယ်

ကာကွယ်ဆေးထိုးထားရင် လူအများစုမှာ ရောဂါမဖြစ်အောင်တားပေးနိုင်ပါတယ်။ တချို့မှာ ကာကွယ်ဆေးထိုးပြီး ရောဂါဖြစ်နိုင်သေးပေမဲ့ ရောဂါပြင်းထန်မှု မရှိကြပါဘူး။

ထိုးခွင့်ရရင် ထိုးသင့်ပါတယ်

ကိုဗစ်မဖြစ်ဖူးဘူး၊ ဘာလက္ခဏာမှလည်း မခံစားရဘူး ဆိုတဲ့သူတွေမှာ ကာကွယ်ဆေးကို အဆင်ပြေတဲ့အချိန် ထိုးနိုင်ပါတယ်။

ကိုဗစ်ဖြစ်တဲ့ သူတွေမှာတောင်

Continue reading COVID-19 ကာကွယ်ဆေးများ
Posted on

ကိုဗစ်မှာ Dexa စနစ်တကျပေးနည်း

👩 ကိုဗစ်ဖြစ်တိုင်း Dexa ပေးဖို့လိုပါသလား ဆရာ။

👨‍⚕️ လက်ထိပ်မှာတိုင်းကြည့်လို့ အောက်ဆီဂျင် SpO2 ၉၄% အောက်ရောက်နေရင်တော့ Dexa သောက်ဆေး သို့မဟုတ် ထိုးဆေး စပေးသင့်ပါတယ်။ အောက်ဆီဂျင် ၉၄ အောက်မကျရင်တော့ မလိုပါဘူး။

👩 Dexa ပေးဖို့လိုရင် ဆေးပမာဏ (Dose) ဘယ်လောက်ပေးရမလဲ ဆရာ။

Continue reading ကိုဗစ်မှာ Dexa စနစ်တကျပေးနည်း