Posted on

သည်းခြေလမ်းကြောင်းကျောက်

သည်းခြေအိတ်ထဲက ကျောက်က လက္ခဏာမပြပဲ ရှိနေနိုင်ပေမဲ့ သည်းခြေလမ်းကြောင်းထဲ ကျောက်ကျပြီး ပိတ်ဆို့မှု/ရောင်ရမ်းမှု ဖြစ်လာရင် ဗိုက်အလွန်အောင့်၊ အသားဝါ၊ ဖျား၊ အန်တာတွေ ဖြစ်လာနိုင်ပါတယ်။
သည်းခြေလမ်းကြောင်းထဲမှာ ရှိနေတဲ့ ကျောက် အရွယ်အစားပေါ်မူတည်ပြီး ERCP အူသိမ်မှန်ပြောင်းကတစ်ဆင့် သည်းခြေလမ်းကြောင်းကျောက်ကို ဆွဲဖယ်ထုတ်ခြင်း၊ လမ်းကြောင်းပွင့်နေအောင် ထောက်ပြွန်ထည့်ပေးခြင်းနည်းစနစ်တွေနဲ့ ကုသပေးနိုင်ပါတယ်။ ကျောက်အရမ်းကြီးနေတယ်၊ သည်းခြေလမ်းကြောင်းထဲကို ဝင်လို့မရအောင်ပိတ်နေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ခွဲစိတ်ပါရဂူနဲ့ တိုင်ပင်ပြီး ကုသရပါမယ်။
Ursodeoxycholic acid 10-15 mg/kg/day ကျောက်ပျော်ဆေး ပုံမှန်သောက်နေခြင်းက လူနာအများစုမှာ အကျိုးရှိပါတယ်။

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်

ကျန်းမာပျော်ရွင်ကြပါစေ