Posted on

HIV ကုသမှုယူနေရင် ဘာတွေ ပုံမှန်စစ်ဖို့လိုမလဲ

ပုံမှန် စစ်ဆေးသင့်တဲ့ စစ်ဆေးမှုတွေထဲက အရေးအကြီးဆုံး (၂) ခုကတော့ Viral Load ပိုးကောင်ရေ နဲ့ CD4 count ခုခံအားဆဲလ်အရေအတွက် ဖြစ်ပါတယ်။

ပိုးကောင်ရေစစ်ဆေးခြင်း
————————-
ပိုးရှိသူရဲ့ သွေးထဲမှာ HIV ပိုးကောင်ရေ ဘယ်လောက်ရှိနေသလဲ စစ်ဆေးခြင်း ဖြစ်ပါတယ်။

ART ဆေးစပြီး (၆) လမှာ တစ်ကြိမ်၊ (၁၂) လမှာ တစ်ကြိမ် ပိုးကောင်ရေ စစ်ဆေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းပါတယ်။

နောက်ပိုင်းမှာလည်း တစ်နှစ် တစ်ကြိမ် စစ်ဆေးဖို့ တိုက်တွန်းပါတယ်။

ရောဂါအနေအထားနဲ့ ဆေးအာနိသင်ကို သေချာသိရနိုင်တဲ့အတွက် အရေးကြီးပါတယ်။

Continue reading HIV ကုသမှုယူနေရင် ဘာတွေ ပုံမှန်စစ်ဖို့လိုမလဲ
Posted on

HIV ကူးနိုင်ခြေ ဖြစ်ပြီး ကာကွယ်ခြင်း PEP

ငြိမ်းဆေးခန်းမှာ Teleconsultation (Viber or Phone) နဲ့ တိုင်ပင်ဆွေးနွေးပေးရတဲ့ လူနာတွေထဲမှာ
HIV ကူးနိုင်ခြေရှိတဲ့ ထိတွေ့မှု ဖြစ်ခဲ့လို့ တိုင်ပင်ကြတဲ့သူတွေများပါတယ်။
ဆရာဝန်၊ သူနာပြုများ အပါအဝင် Foreigner တွေ၊ မြန်မာ အမျိုးသား၊ အမျိုးသမီးတွေ အစုံပါပဲ။

အားလုံးလည်း သိသင့်လို့ ရေးပေးပါဦးမယ်။

ပထမဆုံး ကတော့

ဘယ်လိုထိတွေ့ရင် ကူးနိုင်သလဲ
——————————
ကူးနိုင်ခြေရှိတဲ့ ထိတွေ့မှုကို Exposure လို့ခေါ်ပါတယ်။

American Centers for Disease Control (CDC) မှာ ဖော်ပြထားချက်အရ

သွေးထဲမှာ HIV ပိုးရှိသူနဲ့ အောက်ပါအတိုင်း လူ (၁၀၀၀၀) ထိတွေ့မှု ဖြစ်ခဲ့တယ်ဆိုပါစို့

Continue reading HIV ကူးနိုင်ခြေ ဖြစ်ပြီး ကာကွယ်ခြင်း PEP
Posted on

HIV ရှိမှန်းသိရလို့ စိတ်မညစ်ပါနဲ့

အာနိသင်ကောင်းတဲ့ ဆေးသုံးမျိုးအတွဲပါဝင်တဲ့ဆေးကို တစ်ရက် တစ်လုံး သို့မဟုတ် နှစ်လုံးသောက်ရုံနဲ့ ပုံမှန်အတိုင်း နေနိုင်ပါတယ်။

Stem cell ကုသမှုနဲ့ HIV လုံးဝပျောက်သွားတဲ့ လူနာတွေ ရှိတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ပျောက်သွားတာ (၄) ယောက်လောက်ပဲ ရှိပါသေးတယ်။ လူတိုင်းကို ကုပေးဖို့ စိတ်ချရတဲ့ နည်းစနစ်တော့ မဟုတ်သေးပါဘူး။

HIV သံသယ ရှိရင်/ ရှိမှန်းသိရင်

Continue reading HIV ရှိမှန်းသိရလို့ စိတ်မညစ်ပါနဲ့
Posted on

KOCITAF

HIV ကုသဆေးတွေ Recommend လုပ်ထားတဲ့အထဲမှာ Dolutegravir + Emtricitabine + Tenofovir Alafenamide ဆေးအတွဲဟာ ယခုလက်ရှိ မြန်မာနိုင်ငံမှာ ရနိုင်တဲ့ အကောင်းဆုံးဆေး၊ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဆေး လို့တောင် ဆိုနိုင်ပါတယ်။

KOCITAF နာမည်နဲ့ရနေပါပြီ

တစ်လစာ အလုံး (၃၀) ပါဘူး ဖြစ်ပါတယ်။

ရေရှည်သောက်ရင် ကျောက်ကပ်အားနည်းခြင်းနဲ့ အရိုးပွခြင်း ဖြစ်လာနိုင်ခြေရှိလို့

Continue reading KOCITAF
Posted on Leave a comment

HIV ART ဆေးများ


Dolutegravir + Emtricitabine + Tenofovir Alafenamide

(First-line ဦးစားပေးဆေးအတွဲ)

DOMTAF တစ်လစာ အလုံး (၃၀) ပါ တစ်ဘူး 140000

KOCITAF အလုံး (၃၀) ပါ တစ်ဘူး Out of stock

ကျန်ဆေးတစ်မျိုးချင်းစီ ဈေးနှုန်းနှင့်တကွ ကြည့်ရန်

Continue reading HIV ART ဆေးများ