Posted on

HIV ကူးမှာကြောက်တယ်

အကြောင်းအမျိုးမျိုးကြောင့် HIV ရှိနိုင်ခြေများတဲ့သူနဲ့ ကူးနိုင်လောက်တဲ့ ထိတွေ့မှုဖြစ်သွားခဲ့ပြီ ဆိုပါစို့

ကိုယ့်ကို မကူးအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ သေချာသိဖို့ လိုအပ်ပါတယ်။

ကူးနိုင်တဲ့ထိတွေ့မှုဖြစ်ပြီး ကာကွယ်တာမို့လို့ Post Exposure Prophylaxis (PEP) လို့ခေါ်ပါတယ်။

ကူးနိုင်ခြေဖြစ်ပြီး (၇၂) နာရီအတွင်း စသောက်မှ အာနိသင်ရှိမှာပါ။

ဆေးစမသောက်မီ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

အောက်ဆေးသုံးမျိုးအတွဲကတော့ အကောင်းဆုံးနဲ့ ဘေးထွက်ဆိုးကျိုးအနည်းဆုံးပါပဲ။

PEP အနေနဲ့ သောက်ဖို့ အလွယ်ကူဆုံး အသင့်တော်ဆုံးဆေးအတွဲကတော့

ဆေးတစ်လုံးတည်းမှာ Dolutegravir+Lamivudine+Tenofovir ဆေး (၃) မျိုးတွဲပါတဲ့

Acriptega ပါ တစ်ရက်တစ်လုံး (၂၈) ရက် သောက်ရပါမယ်။

တစ်ဘူးကို ၈၇၅၀၀ ရှိပါတယ်။

နောက်ထပ် အလားတူဆေး သုံးမျိုးတွဲကို ဆေးနှစ်လုံးအနေနဲ့ သောက်လို့ရတာကတော့

Dolutegravir
~~~~~~~~~
DTV နာမည်နဲ့က တစ်ဘူးကို ၅၄၆၀၀

Dolutegravir နာမည်နဲ့က တစ်ဘူးကို ၆၂၀၀၀

တစ်မျိုးနဲ့

Tenofovir+Emtricitabine
~~~~~~~~~~~~~~~~
Tenof EM တစ်ဘူးကို ၂၈၀၀၀

Ricovir EM တစ်ဘူးကို ၃၃၀၀၀

တစ်မျိုး ပေါင်း သောက်ရမှာပါ။

____________ x ____________

PEP အနေနဲ့ မသောက်သင့်တဲ့ ဆေး
~~~~~~~~~~~~~~~~~~~~
Nevirapine ပါတဲ့ဆေးတွေ မသောက်သင့်ပါ။ အသည်းပြင်းထန်စွာထိခိုက်ခြင်း၊ ဆေးမတည့်သောပြင်းထန်ဓာတ်တုံ့ပြန်ခြင်းများ ဖြစ်နိုင်ပါတယ်။

Efavirenz ပါတဲ့ ဆေးအတွဲကလည်း အနီကွက်ထခြင်း၊ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်းများ ဖြစ်တတ်လို့ တတ်နိုင်ရင် ရှောင်သင့်ပါတယ်။

ကျွမ်းကျင်တဲ့သမားတော်နဲ့ တိုင်ပင်ချင်ရင်

ဆေးဝယ်ချင်ရင်

ရန်ကုန် ဗဟန်းက ငြိမ်းဆေးခန်းကို ဆက်သွယ်နိုင်ပါတယ်

09977273720

HIV အန္တရာယ်မှ ကင်းဝေးကြပါစေ။