Posted on

ငြိမ်းဆေးခန်း

အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ ကုသဆေးများ၊ ဘီပိုးဆေး၊ စီပိုးဆေး၊ အသည်းဆေး၊ HIV ART ဆေးများ ဆေးမှန်၊ ဈေးမှန်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။

သမားတော်ဆရာဝန်ကြီးကိုယ်တိုင် ကြီးကြပ်စီစဉ်ပေးနေလို့ သောက်နေကျဆေးတွေ ပြတ်သွားမှာ စိတ်ပူစရာမလိုပဲ ပါဝင်မှုတူတဲ့ ဆေးတစ်မျိုးမျိုးကို အမြဲရရှိအောင် ဝယ်ယူရရှိနိုင်တာက အားသာချက်ပါ။

ဆေးခန်းက ရန်ကုန်၊ ဗဟန်းမှာဆိုပေမဲ့ Delivery ရောက်တဲ့ မြန်မာနိုင်ငံ မြို့တော်တော်များများ အိမ်အရောက်ငွေချေစနစ်နဲ့ မှာယူနိုင်လို့ Customer တွေ အဆင်ပြေကြပါတယ်။ ကားဂိတ်တွေကလည်း ပို့ပေးပါတယ်။ နိုင်ငံခြားရောက်နေတဲ့ လူနာတွေကိုလည်း Agent တွေနဲ့ ချိတ်ဆက်ပြီး ရောက်အောင် ပို့ပေးနေပါတယ်။

ရောဂါခံစားနေရတာမသက်သာတဲ့ အနယ်နယ်အရပ်ရပ်က လူနာတွေ၊ နိုင်ငံခြားရောက်နေတဲ့ လူနာတွေအတွက်
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်း၊ မုန့်ချို့အိတ်နဲ့ အထွေထွေရောဂါ အထူးကုသမားတော်နဲ့လည်း ဆေးခန်းလာပြီးဖြစ်စေ၊ Viber call teleconsultation နဲ့ဖြစ်စေ သေချာ တိုင်ပင် ဆွေးနွေး ကုသမှု ရယူနိုင်ပါတယ်။

ဆေးတွေကို ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ သောက်ပါ

ငြိမ်းဆေးခန်းနဲ့ဆေးဆိုင်မှာ အောက်ပါဆေးတွေ ရရှိနိုင်ပါတယ်။
ကုမ္ပဏီဈေးပြောင်းလဲတတ်လို့ ဈေးထည့်မရေးထားပါဘူး။
ဆေးခန်း ဖုန်း/Viber ကို မေးနိုင်ပါတယ်။ Website link မှာလည်း ဝင်ကြည့်နိုင်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးကုသဆေးအမျိုးမျိုး


———————————
အရိုးပွခြင်းနဲ့ကျောက်ကပ်အားနည်းခြင်း ဖြစ်လာနိုင်ခြေကို စိတ်ပူဖို့မလိုလို့ ဘီပိုးလူနာ အများစု သောက်နေကြတဲ့
Tenofovir Alafenamide (TAF) 25 mg ကို လောလောဆယ် နာမည် ၃ မျိုးနဲ့ ရပါမယ်
TAF
TENOV A
Getinomide

Entecavir 0.5 mg ဆိုရင်
Obee နာမည်နဲ့ ရပါမယ်

အရင်ပေါ်တဲ့ဆေးဖြစ်ပြီး သောက်လက်စ သောက်နေကြတာများတဲ့
Tenofovir Disoproxil Fumarate (TDF) 300 mg ဆိုရင်
Getino-B
Meroex
RICOVIR
TENOF
Tenvir
Zifam Tenovir နာမည်တွေနဲ့ ရပါမယ်။

အသည်းအားဆေးများ
————————————–
LIVOLIN Forte, Live up, Liver Plus, LiverCare, Silywin Plus, SC Liver Renew, SC Livopac နာမည်တွေနဲ့ ရပါမယ်

အသည်းရောင်အသားဝါစီပိုးကုသဆေးအမျိုးမျိုး
————————————–
အာနိသင်အကောင်းဆုံးဆေးအတွဲဆိုရင်
CHC Plus
HepVel
Panovir
Velfos
Velso နာမည်တွေနဲ့ရပါတယ်

တွဲပေးရလေ့ရှိတဲ့ Ribavirin ဆေးဆိုရင်
Ribazole 400 mg
Celbarin 200 mg တွေ ရပါတယ်

ဈေးနည်းနည်းသက်သာတဲ့ ဒုတိယဦးစားပေးဆေးဆိုရင်
ဆေးနှစ်ဘူးအတွဲ တစ်လုံးစီသောက်ရတဲ့
Hopetavir + Virodacla
SOVIR + DACATEC အတွဲတွေ ရပါမယ်

HIV ရောဂါကုသတဲ့ ART ဆေးအမျိုးမျိုး
———————————
အခမဲ့ ဆေးထုတ်ပေးနေတဲ့ Center တွေ ရှိပေမဲ့ Privacy နဲ့ ဆေးထုတ်ယူမှုအခက်အခဲ တချို့ကြောင့် လူနာတွေက ART ဆေးတွေ ဝယ်သောက်လာကြတာ များပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်ပြီး လိုအပ်တာ စစ်ဆေးနေဖို့တော့ လိုပါတယ်။

ငြိမ်းဆေးခန်းမှာ လက်ရှိမြန်မာနိုင်ငံမှာ ရနိုင်တဲ့ ART တွေထဲမှာ အာနိသင်အကောင်းဆုံး၊ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဆေးအတွဲဖြစ်တဲ့
Dolutegravir 50 mg + Emtricitabine 200 mg + TAF 25 mg သုံးမျိုးပေါင်း ဆေးတစ်လုံးတည်း တစ်ရက် တစ်လုံးသောက်ရုံနဲ့ အဆင်ပြေတဲ့
DOMTAF ရပါတယ် တစ်လစာ တစ်ဘူး တစ်သိန်းခွဲဝန်းကျင်ပါ

အာနိသင်ကောင်းတဲ့ နောက်ထပ်ဆေးအတွဲ
Dolutegravir 50 mg + Lamivudine 300 mg + TDF 300 mg သုံးမျိုးပေါင်းဆေး တစ်ရက်တစ်လုံးဆိုရင်
ACRIPTEGA နာမည်နဲ့ ရပါမယ်

အထက်ပါဆေးအတွဲတွေကို HIV ကူးနိုင်တဲ့ ထိတွေ့မှုဖြစ်ပြီး ၇၂ နာရီအတွင်း ကာကွယ်ဖို့သောက်တဲ့ဆေး Post-Exposure Prophylaxis (PEP) အနေနဲ့လည်း သုံးပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သောက်ရပါမယ်။

Dolutegravir 50 mg + (TDF 300 mg + Emtricitabine 200 mg)
တစ်ရက် ဆေးလုံး ၂ လုံး တစ်ကြိမ်သောက်မယ်ဆိုရင်
DTV or Dolutegravir
+
TUTEC or Ricovir-EM or TAVIN-EM နာမည်တွေနဲ့ ရပါမယ်

TUTEC၊ TAVIN-EM နဲ့ Ricovir-EM ဆေးအတွဲတွေကို HIV ကူးနိုင်ခြေများတဲ့ ထိတွေ့မှု မကြာခဏ ဖြစ်နေလေ့ရှိသူတွေ ကြိုတင်ကာကွယ်တဲ့ဆေး Pre-Exposure Prophylaxis (PrEP) အနေနဲ့လည်း သုံးပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သောက်ရပါမယ်။

အပေါ်က ဆေးအတွဲ ၂ မျိုးနဲ့ယှဉ်ရင် အာနိသင်‌လျော့ပြီးဘေးထွက်ဆိုးကျိုးနည်းနည်းပိုများတယ်၊ ဒါပေမဲ့ ဈေးသက်သာပြီး ဆေးအခမဲ့ပေးတဲ့စင်တာတွေမှာ ပေးတာများ၊ သောက်နေတဲ့သူများတဲ့ ဆေးအတွဲတွေအနေနဲ့
TDF 300 mg + Lamivudine 300 mg + Efavirenz 600 mg ဆိုရင်
ELETEC နာမည်နဲ့ ရပါမယ်

TDF 300 mg + Emtricitabine 200 mg + Efavirenz 600 mg ဆိုရင်
Oditec
Trustiva
Viraday နာမည်တွေနဲ့ ရပါမယ်

2nd line ဆေးတွေလည်း ရနိုင်ပါတယ်

ဆေးနာမည်တွေ အများကြီးမို့လို့ ဘာသောက်ရမှန်းမသိ ဖြစ်သွားပြီလား။
စိတ်မပူပါနဲ့ သင့်အတွက် အသင့်တော်ဆုံး ဆေးကုသမှု ရရှိအောင် ငြိမ်းဆေးခန်း (ရန်ကုန်) က အထူးကုသမားတော်ဆရာနဲ့ ဆေးခန်းမှာ လာပြခြင်း သို့မဟုတ် Viber Call နဲ့ Teleconsultation တိုင်ပင်ဆွေးနွေးခြင်း ပြုလုပ်နိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်း၊ မုန့်ချိုအိတ်ရောဂါ ကုသဆေးတွေနဲ့ တခြားဆေးတွေလည်း ရပါတယ်။

အစာအိမ်နဲ့အူသိမ်ကြောင့် ဗိုက်မကြာခဏအောင့်တဲ့ လူနာတွေအတွက် အလွန်အရေးကြီးတဲ့၊ စားချဉ့်ပြန်ရောဂါ GERD လည်းသက်သာစေတဲ့ အစာအိမ်အက်ဆစ်ဓာတ်ထုတ်တာ လျှော့ကျစေသော (PPI) အုပ်စုဝင် ဆေးအမျိုးမျိုးကို အမျိုအစား စုံစုံလင်လင်၊ အာနိသင် ကောင်းကောင်း၊ ဈေးသက်သက်သာသာနဲ့ ဝယ်ယူချင်တယ်ဆိုရင်
Esomeprazole (Esoz)
Rabeprazole (Barole, Rabepra, Rabas)

စားပြီးတိုင်း/မကြာခဏ လေတက်၊ လေချဉ်တက်၊ ရင်ပူ၊ ဗိုက်အောင့်တတ်တဲ့ စားချဉ့်ပြန်ရောဂါဖြစ်ပြီး အစာအိမ်လှုပ်ရှားမှုပါနှေးတယ်လို့ ယူဆရတဲ့ လူနာတွေအတွက်
Domperidone (Cosy, Domerdon syrup) ရှိပါတယ်
မစားမီ နာရီဝက်လောက် ကြိုသောက်ပေးရပါတယ်

အစာအိမ်အက်ဆစ်ကြောင့် ဗိုက်အောင့် လေထိုးလေအောင့် ဖြစ်တဲ့ လူနာတွေအတွက်
အက်ဆစ်ဓာတ်ကို ချေဖျက်ပြီး
ထုံဆေးပါတဲ့ Tricaine gel

အက်ဆစ်ဓာတ်နဲ့ လေပွတာကို ချေဖျက်တဲ့
Antacid + Simethicone Tablet ဆေးပြား (Siloxogene, Digene)
Antacid + Simethicone Gel ဆေးရည် (Siloxogene)

အစာအိမ်အလုပ်လုပ်/တုံ့ပြန်ပုံမမှန်လို့ ဗိုက်အောင့်ခြင်းကို သက်သာစေတဲ့
Antacid + Peppermint ပါသော Mactho ဆေးပြား

Amitriptyline 10 mg and 25 mg (Tripta)

ပျို့အန်ခြင်း/အစာအိမ်လှုပ်ရှားမှုနှေးခြင်းကို သက်သာစေတဲ့
Domperidone (Cosy)
Mosapride (MOSAC)
Levosulpride (Lepride)

ပျို့အန်ခြင်း/စားပြီးဗိုက်မအီမသာဖြစ်ခြင်း ကို သက်သာစေတဲ့
Ondansetron 4 mg and 8 mg (Ondan MDS, Onasia)

ခေါင်းမူး/ကားမူး/ပျို့အန်ခြင်းကို သက်သာစေတဲ့
Cinnarizine (Stugeron)

အစာအိမ် အက်ဆစ်ဓာတ်ထွက်တာကို လျှော့ကျစေသော နောက်ထပ်ဆေးတစ်မျိုးဖြစ်တဲ့
Famotidine 20-40 mg (Famotack)
အရင်က သုံးခဲ့ကြဖူးတဲ့ Ranitidine ဆေးတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ NDMA ပါဝင်ပစ္စည်းကြောင့် ဆက်မသုံးသင့်ပါဘူး။ နိုင်ငံတကာမှာလည်း Ranitidine ထိုးဆေး၊ သောက်ဆေးအားလုံးကို မသုံးဖို့ တားမြစ်ထားပါတယ်။

အစာအိမ်ပိုးရှိတဲ့လူနာတွေကို စနစ်တကျ ကုသရာမှာ ဆေးတွေ ပေါင်းစပ်ထည့်ထားတဲ့ Combination Kit တွေအများစုက များသောအားဖြင့် ဆေးပမာဏပါဝင်မှု နည်းနေပြီး ပိုး အရှင်းမပျောက်တာကို တွေ့ရပါတယ်။ အစာအိမ်ပိုးသတ်ဆေးတွေအနေနဲ့
Amoxicillin 1000 mg (Moxytro 500 mg)
Clarithromycin 500 mg (Claritek 500 mg)
Metronidazole 400-500 mg (Amodis 200 mg)
Tinidazole 500 mg (Tinitab 500 mg)
Tetracycline 500 mg (250 mg 2 tabs)
Bismuth Subsalicylate at least 300 mg (Besmal 524 mg)
Levofloxacin 500 mg (Levotab 500 mg)

အစာအိမ်/အူသိမ် ပွန်းရောင်ခြင်းနဲ့ အနာဖြစ်ခြင်းကို သက်သာစေတဲ့
Sucralfate (Sucrafil O gel)
Teprenone (Selbex)

ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့
နေ့စဉ်သောက်လို့လည်း အန္တရာယ်မရှိတဲ့ Fiber အမျှင်ဓာတ်ဖြည့်ဆေး
Ispaghula Husk (Psyllium) (HappyGut, Stalax)

များသောအားဖြင့် တစ်လလောက်သုံးတယ် ဆရာဝန်ညွှန်ကြားချက်ယူပြီး လိုအပ်ရင် နှစ်နဲ့ချီပြီး သုံးနိုင်တဲ့
Polyethylene Glycol (PEG) (Movcol)

Milk of magnesia MOM
Lactulose (Lilac)

ဝမ်းသွားဖို့ အူမကြီးကို လှုံဆော်ပေးတဲ့ (တစ်ပတ်လောက်ထက်ပိုပြီးမသုံးသင့်)
Bisacodyl (Duralax)

ဝမ်းချူဘောလုံး (Enema ball)

ဝမ်းသွားရင် စအိုက သွေးကျ/နာ/ကသိကအောက်ဖြစ်တဲ့ လိပ်ခေါင်းရောဂါ သက်သာရန်အတွက်
Flavonoids (Daflon 500 mg, 1000 mg)
Acotiamide (Siduol)

ဝမ်းလျှောခြင်းကို သက်သာစေတဲ့
ပါဝင်မှုအချိုးအစားမှန်ကန်တဲ့ ဓာတ်ဆား
ORS (Oral-Salt)

ဝမ်းလျှောတာ သက်သာစေတဲ့
Smecta

ဝမ်းပိတ်ဆေး
Loperamide (Imotil)

ဝမ်းလျှောမြန်မြန် သက်သာစေတဲ့ ဘက်တီးရီးယား ပိုးသတ်ဆေးများ
Ciprofloxacin (Ciproflox)
Azithromycin (Azifam 250 mg and 500 mg)
Metronidazole (Amodis)
Tinidazole (Tinitab)

သန်ချဆေး
Albendazole (Alben)

အကျိုးပြုပိုးမွှားနှင့်အစာများ ဖြည့်တင်းပေးတဲ့
Probiotics
(Sacrogut, Biflora, Zifam Probiotic, Kidlac)

Probiotics an Prebiotics
(GI Lact, SCP2B, Rillus Probiotics)

ဝမ်းဗိုက်ညှစ်အောင့်ခြင်းကို သက်သာစေတဲ့
Drotaverine (Doverin 40 mg)
Mebeverine (MEBIZ SR)

အူမကြီးလှုပ်ရှားမှုမမှန်တဲ့ IBS ရောဂါကို သက်သာစေတဲ့
Amitriptyline 10-50 mg (Tripta)
Sertraline 25-50 mg (Zosert 50 mg)
Ondansetron 4-8 mg (Ondan MDS 4 mg, Onasia 8 mg)
Rifaximin 550 mg (Diafix, Faxan)

သည်းခြေအိတ်ကျောက်နဲ့သည်းခြေလမ်းကြောင်းကျောက်ပျော်ဆေး
Ursodeoxycholic Acid တစ်ရက် အနည်းဆုံး 500 mg ခန့် သောက်သင့်
(Ursomax 250 mg, Udihep)

နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါကြောင့် အစာချေအင်ဇိုင်းတွေ နည်းလာပြီး အဆီပါတဲ့ အစားအသောက်စားရင် ဝမ်းမှာအဆီပါတာ သက်သာစေတဲ့
Pancreatic Enzyme Replacement Therapy (Glopancrin, Enzymeplex)

အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ်ရောဂါဆေးတွေရဲ့ Update ဈေးနှုန်းကို (ဈေးအပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါတယ်)
အောက်က Link ကိုနှိပ်ပြီး ပုံနဲ့တကွ ကြည့်ရှုနိုင်ကြောင်း သတင်းပါးပါရစေ
https://drnyein.com/gi-hbp/

အသည်းရောင်အသားဝါ ဘီပိုးဆေး၊ စီပိုးဆေးနဲ့ HIV ART ဆေးတွေလည်း ရပါတယ်။
ငြိမ်းဆေးခန်းက ဝယ်ယူနိုင်တဲ့ ဆေးတွေကို ပုံ၊ ဈေးနှုန်းနဲ့တကွ ကြည့်ဖို့ ဒီလင့်ကို နှိပ်ပြီး ရွေးချယ်ကြည့်နိုင်ပါတယ်။
https://drnyein.com/pharmacy/

ဆေးဝယ်ယူချင်တယ် သို့မဟုတ် အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်း၊ မုန့်ချိုအိတ်နှင့် အထွေထွေရောဂါ အထူးကုသမားတော် နဲ့တိုင်ပင်ချင်တယ်ဆိုရင်

Nyein Clinic ငြိမ်းဆေးခန်း
အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း၊ ရန်ကုန်
Phone & Viber 09 977273420 ကို ဆက်သွယ်နိုင်ပါတယ်

ကျန်းမာပျော်ရွင်ကြပါစေ