Posted on

KOCITAF

HIV ကုသဆေးတွေ Recommend လုပ်ထားတဲ့အထဲမှာ Dolutegravir + Emtricitabine + Tenofovir Alafenamide ဆေးအတွဲဟာ ယခုလက်ရှိ မြန်မာနိုင်ငံမှာ ရနိုင်တဲ့ အကောင်းဆုံးဆေး၊ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဆေး လို့တောင် ဆိုနိုင်ပါတယ်။

KOCITAF နာမည်နဲ့ရနေပါပြီ

တစ်လစာ အလုံး (၃၀) ပါဘူး ဖြစ်ပါတယ်။

ရေရှည်သောက်ရင် ကျောက်ကပ်အားနည်းခြင်းနဲ့ အရိုးပွခြင်း ဖြစ်လာနိုင်ခြေရှိလို့

Tenofovir DF ဆေးအစား Tenofovir AF ဆေးနဲ့ ပြောင်းလဲထုတ်ထားတာ ဖြစ်ပါတယ်။

ဈေးနှုန်းလည်း သိပ်မကွာလို့ အရင်က ACRIPTEGA (Dolutegravir + Lamivudine + Tenofovir DF) သောက်နေတဲ့လူနာတွေ ပြောင်းသောက်ဖို့ ကောင်းပါတယ်။

တခြား First line ဘယ်ဆေးအတွဲ သောက်နေတဲ့သူဖြစ်ဖြစ် ကုန်ကျစားရိတ်ပြဿနာမရှိရင် KOCITAF ပြောင်းသောက်သင့်တယ်လို့တောင် ဆိုချင်ပါတယ်။

HIV အတွက် ART ဆေးတွေကို တချို့ ပြည်သူ့ဆေးရုံကြီးတွေ၊ HIV အထူးကုပြည်သူ့ဆေးရုံတွေ၊ NGO စင်တာတွေမှာ အခမဲ့ ထုတ်ပေးနေတာလည်း ရှိလို့ ပုံမှန် ဆေးသွားထုတ်ပြီး သောက်ဖို့ အဆင်ပြေရင် အကောင်းဆုံးပါပဲ ဆေးဖိုးကုန်ကျစရာလည်း မလိုတော့ဘူး။ Dolutegravir + Emtricitabine + Tenofovir Alafenamide ပေးနိုင်တဲ့ နေရာကတော့ တော်တော်ရှားပါလိမ့်မယ်။

————————————-

ART ဆေးတွေကို မိမိသဘောနဲ့ စ မသောက်ရပါ။ ကျွမ်းကျင်တဲ့ ဆရာဝန် သို့မဟုတ် သမားတော်နဲ့ အရင်တိုင်ပင်ပါ။

လိုအပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆရာဝန် ညွှန်ကြားမှ ဆေးစသောက်ရပါမယ်။

ဆေးအခမဲ့ထုတ်ပေးတဲ့နေရာတွေမှာ ပုံမှန်သွားထုတ်ဖို့ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိနေပြီး ဆေးပုံမှန် ဝယ်သောက်ဖို့လည်း အဆင်ပြေမှ ဆေးဝယ်သောက်သင့်ပါတယ်။

ဆေးသောက်လိုက် ပြတ်လိုက်ဖြစ်နေရင် HIV ပိုးကို မထိန်းနိုင်ပါ။

HIV ပိုးရှိသူတိုင်း ART ဆေးကို ပုံမှန်သောက်နိုင်အောင် ကြိုးစားသင့်ပါတယ်

————————————-

ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်လိုရင်

လက်ရှိအနေအထားမှာ အကောင်းဆုံးနဲ့ ဘေးထွက်ဆိုးကျိုးအနည်းဆုံး

KOCITAF ဆေး ဝယ်ယူလိုရင်

ငြိမ်းဆေးခန်းနဲ့ဆေးဆိုင်

အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း၊ ရန်ကုန်

Phone & Viber 09977273420 ကို ဆက်သွယ်နိုင်ပါတယ်

သိချင်တာရှိရင် ကွန်မန့်မှာ မေးသွားနိုင်ပါတယ်။ ဆေးတွေကို ပုံ၊ ဈေးနှုန်းနဲ့တကွ ကြည့်နိုင်အောင် အောက်မှာ Link ပေးထားပါတယ်။