Posted on

အသားစယူပြီး အစာအိမ်ပိုး စစ်ဆေးခြင်း

အစာအိမ်မှန်ပြောင်းကြည့်သင့်လို့ ကြည့်ချိန်မှာ အသားစသေးသေးယူပြီး အစာအိမ်ပိုးစစ်လိုက်တာ များပါတယ်။ Rapid Urease Test (RUT) လို့ ခေါ်ပါတယ်။

👉 အဖြေမှန်ဖို့အတွက်
ပိုးရှိမရှိ မစစ်ဆေးမီ
Omeprazole, Pantoprazole, Esomeprazole, Lansoprazole, Rabeprazole စတဲ့ ဆေးတွေကို အနည်းဆုံး (၂) ပတ် ရပ်ထားရပါမယ်
ပိုးသတ်ဆေးအမျိုးမျိုးနဲ့ Bismuth ဆေး ကို အနည်းဆုံး (၄) ပတ် ရပ်ထားရပါမယ်
အဲ့လို သေချာ မရပ်ထားပဲ စစ်ရင် ပိုးရှိရင်လည်း အဖြေမှားပြီး မရှိဘူး ပြပါတယ်။

👉 အစာအိမ်ပိုးစစ်တဲ့အဖြေရဖို့ ဘယ်လောက်စောင့်ရမလဲ


လူနာတွေတင်မကဘူး၊ ဆရာဝန်၊ သူနာပြုတွေပါ သေချာသိဖို့ လိုလာပါတယ်
Test kit ရောင်းတဲ့ ကုမ္ပဏီတွေကပြောတာနဲ့၊ လက်တွေ့ လေ့လာစစ်ဆေးထားတဲ့ တွေ့ရှိချက်တွေက နည်းနည်း ကွာလို့ပါ။

CLOtest လိုမျိုး Gel type ဆိုရင် အဖြေပြတဲ့ Reaction နည်းနည်းကြာပါတယ်။

Pronto Dry လို Paper type ဆိုရင် ပိုမြန်နိုင်ပါတယ် တစ်နာရီလောက်အတွင်း အဖြေပေါ်တာများပါတယ်။ နောက်မှ အရောင်ပြောင်းတာလည်း ရှိပါတယ်။

👉 ပိုးရှိရင် အဝါရောင်ကနေ ပန်းရောင်/အနီရောင်ပြောင်းသွားပါတယ်။

👉 လက်တွေ့လေ့လာထားချက်တွေအရတော့ ဘယ် Test ကို သုံးသုံး ၂၄ နာရီထိ စောင့်ကြည့်တဲ့ အဖြေက ပိုမှန်ပါတယ်။

လူတစ်ထောင်ကျော်မှာ လေ့လာထားတဲ့ အီတလီက လေ့လာမှုတစ်ခုရဲ့ တွေ့ရှိချက်အရ Sensitivity လို့ခေါ်တဲ့ RUT စစ်ဆေးတဲ့နည်းလမ်းတွေရဲ့ အစာအိမ်ပိုးရှိရင် ရှိကြောင်း ပြနိုင်စွမ်းတွေကို အောက်ကပုံမှာ တွေ့နိုင်ပါတယ်။

ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

ကျန်းမာပျော်ရွင်ကြပါစေ

ဆေးခန်းတွေကတစ်ဆင့်ဖြစ်စေ၊ လူနာတိုက်ရိုက်ဖြစ်စေ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ Teleconsultation တိုင်ပင်ကုသဖို့ လိုအပ်ရင်
ငြိမ်းဆေးခန်း (ဗဟန်း၊ ရန်ကုန်)
Phone & Viber 09977273420 ကို ဆက်သွယ်နိုင်ပါတယ်။