Posted on

အစာအိမ်ပိုး (H. pylori)

လူတစ်ရာရှိရင် (၅၀) လောက်မှာ အစာအိမ်ပိုး ကူးစက်ခြင်းခံနေရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အစာအိမ်ပိုး ပါးစပ်တွင်းဝင်တာက တစ်ဆင့် ကူးစက်ပါတယ်။

အစာအိမ်ပိုးရှိရင် ပေါ့ဆလို့တော့ မရပါ

အစာအိမ်ပိုးကြောင့် အစာအိမ်နဲ့အူသိမ် ရောင်ခြင်း၊ အနာဖြစ်ခြင်း၊ သွေးယိုခြင်း ဖြစ်နိုင်ပါတယ်။

မကြာခဏ ဗိုက်အောင့်စေတဲ့ အကြောင်းတစ်ခုပါ

အစာအိမ်ပိုးရှိသူ (၅) ယောက်မှာ (၁) ယောက်က အစာအိမ်နဲ့အူသိမ် အနာဖြစ်နိုင်တယ်။

အစာအိမ်ပိုးရှိသူ (၁၀၀) မှာ (၂) ယောက်က အစာအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ ကြောက်စရာပါ။

အစာအိမ်ပိုးရှိ/မရှိ သိနိုင်ဖို့ သွေးစစ်ခြင်းက မသေချာပါဘူး၊ ဝမ်းစစ်ဆေးခြင်း၊ ရှုထုတ်လေကိုစစ်ဆေးခြင်း ပြုလုပ်နိုင်ပါတယ်။

အစာအိမ်ပိုးရှိနေရင် (၂) ပတ် စနစ်တကျ ကုသမှု လိုအပ်ပါတယ်။

Readymade ဆေးအတွဲတွေက ဆေးပါဝင်တဲ့ ပမာဏ နည်းလို့ မထိရောက်ပါဘူး။

ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူပါ။

ကုသပြီးရင်လည်း အစာအိမ်ပိုးပျောက်ပြီလား သေချာအောင် ပြန်စစ်ဖို့ လိုပါတယ် မပျောက်သေးရင် ပျောက်အောင် ထပ်ကုရပါမယ်။

ကျွမ်းကျင်တဲ့ သမားတော်နဲ့ ဖုန်း သို့မဟုတ် Viber video call မှတစ်ဆင့် တိုင်ပင် ဆွေးနွေးနိုင်ပါတယ်။
တိုင်ပင်ချင်ရင် Nyein Clinic ငြိမ်းဆေးခန်း 09977273420 ကို မနက် ၉ နာရီမှ ည ၈ နာရီအတွင်း ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

မိတ်ဆွေတွေသိအောင် မျှဝေပေးနိုင်ပါတယ်။ ဗိုက်အောင့်ဗိုက်နာ ဖြစ်နေရင်လည်း အစာအိမ်ပိုး စစ်ဆေး ကုသချင်ရင် ကွန်မန့်မှာ မေးမြန်းနိုင်ပါတယ်။