Posted on

HIV ကြိုတင်ကာကွယ်ခြင်း PrEP

PrEP: Pre-Exposure Prophylaxis

HIV ကူးစက်နိုင်သောထိတွေ့မှုမဖြစ်မီ ကြိုတင်ကာကွယ်ထားခြင်း

ကူးစက်နိုင်ခြေဖြစ်ပြီး (၇၂) နာရီအတွင်း သောက်ရတဲ့ PEP အကြောင်းမဟုတ်ပါ။ (PEP အကြောင်းလည်း Page မှာ ရေးပေးထားပါတယ်)

▶ ဘယ်လိုလူတွေ PrEP သောက်သင့်လဲ

မကြာခင်က HIV စစ်ဆေးထားပြီး မရှိတဲ့သူဖြစ်ရပါမယ်

👉 ပါတနာ အမျိုးသား/အမျိုးသမီးမှာ HIV ရှိနေရင် (အထူးသဖြင့် ပိုးကောင်များရင်/မစစ်ထားရင်)

👉 အိမ်ထောင်ဖက်မှာ HIV ရှိပြီး ကလေးယူဖို့ ပြင်ဆင်နေရင်၊ ကလေးနို့တိုက်နေရင်

👉 ကွန်ဒုံးကို ပုံမှန်မသုံးဖြစ်ရင်

👉 လွန်ခဲ့တဲ့ (၆) လအတွင်း သင့်မှာ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်ဖူးရင်

👉 သင်ကိုယ်တိုင် မူးယစ်ဆေးထိုးသုံးစွဲသူဖြစ်ပြီး သုံးစွဲဖော် အပေါင်းအသင်းတွေရှိရင်

👉 PEP သောက်ဖူးပြီး ကူးနိုင်ခြေတွေ ခဏခဏ ဆက်ဖြစ်နေရင်၊ PEP အကြိမ်ကြိမ်သောက်ရရင်

(ကိုယ်အလေးချိန် အနည်းဆုံး ပေါင် ၈၀ လောက်ရှိရင် ကလေး/လူကြီးမရွေး သောက်လို့ရပါတယ်)

▶ ဘာဆေးတွေရှိလဲ

PrEP အနေနဲ့ Tenofovir DF or Tenofovir AF + Emtricitabine ဆေး (၂) မျိုးအတွဲ ကို ညွှန်းပါတယ်။

ဆေးတစ်လုံးမှာ ဆေး (၂) မျိုးပါဝင်ပြီး ရနိုင်တဲ့ဆေးနာမည်တွေကတော့

👉 TENOF EM

👉 RICOVIR EM

👉 TUTEC

ဈေးနှုန်းတွေကတော့ (၅၀၀၀၀) ဝန်းကျင်လောက် ရှိပါတယ်။

▶ ဘယ်လိုသောက်ရလဲ

⚠ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ တစ်ရက် တစ်လုံး ပုံမှန်သောက်နေရပါမယ် လိင်ဆက်ဆံမှုတစ်ဆင့် ကူးစက်ခြင်းကို ကာကွယ်နိုင်ဖို့ အနည်းဆုံး (၇) ရက်ဆက်တိုက် ကြိုသောက်ထားပြီး ဖြစ်ရပါမယ်။ မူးယစ်ဆေးထိုးခြင်းမှတစ်ဆင့် ကူးစက်ခြင်းကို ကာကွယ်နိုင်ဖို့ အနည်းဆုံး (၂၁) ရက်ဆက်တိုက် ကြိုသောက်ထားပြီး ဖြစ်ရပါမယ်။ လိုအပ်တဲ့အချိန်မှ (၂ – ၂၄) နာရီအတွင်း ကြိုသောက်ရတဲ့ 2-1-1 Schedule ကိုလည်း ပြောလာကြပေမဲ့ ကာကွယ်နိုင်စွမ်းက မသေချာသေးလို့ နေ့စဉ် ပုံမှန်သောက်နေခြင်းကပဲ စိတ်ချရပါတယ်။

(၂) လတစ်ခါ ထိုးရတဲ့ အသားဆေး Cabotegravir ထိုးခြင်းကိုလည်း US FDA approve ဖြစ်ထားပါပြီ ဒီမှာတော့ ရတာ မတွေ့သေးပါဘူး။

▶ ကာကွယ်နိုင်စွမ်းဘယ်လောက်ရှိလဲ

ညွှန်ကြားတဲ့အတိုင်း စနစ်တကျသောက်နေရင် လိင်ဆက်ဆံခြင်းမှ တစ်ဆင့် HIV ကူးစက်ခြင်းကို (၉၉) ရာခိုင်နှုန်း ကာကွယ်ပါတယ်။ မူးယစ်ဆေး ထိုးတဲ့အပ်တွေမှတစ်ဆင့် ကူးစက်ခြင်းကို (၇၅) ရာခိုင်နှုန်းခန့် ကာကွယ်ပါတယ်။

▶ ကွန်ဒုံးသုံးဖို့မလိုတော့ဘူးလား

လိုပါတယ် PrEP က HIV ကူးစက်မှုကို ကာကွယ်ဖို့ပဲ အာနိသင်ရှိပါတယ်။ ကာလသားရောဂါအပါအဝင် တခြားလိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုပါ ကာကွယ်နိုင်ဖို့ ကွန်ဒုံးကို စနစ်တကျ သုံးစွဲရပါမယ်။

Reference: US CDC

သမားတော်နဲ့တိုင်ပင်ဆွေးနွေးရန် ဆေးဝယ်ယူရန်

လိုအပ်ရင် ငြိမ်းဆေးခန်း 09977273420 ကို ဆက်သွယ်နိုင်ပါတယ်။ လိပ်စာက အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း၊ ရန်ကုန်ပါ။

မှတ်ချက်။ ကာကွယ်ဆေးရှိတယ် အာနိသင်ကောင်းတယ်ဆိုပေမဲ့ ကူးစက်နိုင်ခြေများတဲ့ ကိစ္စတွေကို အတတ်နိုင်ဆုံး မလုပ်ဖို့၊ လိင်ဆက်ဆံရာမှာ Condom စနစ်တကျ သုံးစွဲဖို့ တိုက်တွန်းချင်ပါတယ်။

သိချင်တာရှိရင် ကွန်မန့်မှာ မေးနိုင်ပါတယ်။ PEP နဲ့ တခြား သိမှတ်ဖွယ်ရာ ကျန်းမာရေး ဗဟုသုတတွေကို အများကြီး ရေးပေးထားပါတယ် Happy & Healthy ပေ့ချ်မှာ ရှာပြီး ဖတ်ကြည့်နိုင်ပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း ကျန်းမာရေး ဗဟုသုတတွေ ဆက်လက် မျှဝေ ပေးနေမှာမို့လို့ Like and Follow လုပ်ထားနိုင်ပါတယ်။

ကျန်းမာပျော်ရွင်ကြပါစေ

မသိသေးသူတွေ သိရအောင် မျှဝေနိုင်ပါတယ်။