Posted on

HIV ရှိမှန်းသိရလို့ စိတ်မညစ်ပါနဲ့

အာနိသင်ကောင်းတဲ့ ဆေးသုံးမျိုးအတွဲပါဝင်တဲ့ဆေးကို တစ်ရက် တစ်လုံး သို့မဟုတ် နှစ်လုံးသောက်ရုံနဲ့ ပုံမှန်အတိုင်း နေနိုင်ပါတယ်။

Stem cell ကုသမှုနဲ့ HIV လုံးဝပျောက်သွားတဲ့ လူနာတွေ ရှိတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ပျောက်သွားတာ (၄) ယောက်လောက်ပဲ ရှိပါသေးတယ်။ လူတိုင်းကို ကုပေးဖို့ စိတ်ချရတဲ့ နည်းစနစ်တော့ မဟုတ်သေးပါဘူး။

HIV သံသယ ရှိရင်/ ရှိမှန်းသိရင်

ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ

HIV တိုက်ဖျက်ရေးဌာနတွေ၊ တစ်ချို့ NGO တွေမှာ ဆေးအခမဲ့ ပေးပါတယ် နီးစပ်ရာ ပြည်သူ့ဆေးရုံကြီးတွေမှာ အရင်စစုံစမ်းကြည့်ပါ။

အခက်အခဲအမျိုးမျိုးကြောင့် အခမဲ့ ဆေးထုတ်ယူပြီး သောက်ဖို့အဆင်မပြေတဲ့ လူနာတွေအတွက် တရားဝင်တင်သွင်းထားတဲ့ ဆေးတွေကို ရောင်းချပေးနေတဲ့ ဆေးခန်း ဆေးဆိုင်တွေလည်း ရှိပါတယ်။ မိမိသဘောနဲ့ စပြီးဆေးဝယ်သောက်ဖို့မသင့်ပါ၊ ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားချက်နဲ့သာ သောက်ပါ၊ ပုံမှန် ပြန်တိုင်ပင်ပါ။ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ ရနိုင်တဲ့ Anti-Retroviral Therapy (ART) ဆေးအတွဲတွေထဲက ဦးစားပေးကတော့

Dolutegravir (DTG) +

Tenofovir Alafenamide (TAF) or Tenofovir disoproxil fumarate (TDF) +

Emtricitabine (FTC) or Lamivudine (3TC)

ဖြစ်ပါတယ်။

(HIV ကူးစက်နိုင်ခြေများတဲ့ ထိတွေ့မှု ဖြစ်ပြီး ၇၂ နာရီအတွင်း ကာကွယ်ဖို့ Post-Exposure Prophylaxis (PEP) အနေနဲ့လည်း သုံးလို့ရပြီး အာနိသင် ကာကွယ်နိုင်စွမ်းကောင်းပါတယ်၊ ဆေးစမသောက်မီ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါတယ်)

အပေါ်က ဦးစားပေး ဆေးအတွဲသောက်ဖို့အဆင်မပြေရင်

Tenofovir (TDF/TAF) + Lamivudine (3TC) + Efavirenz (EFV) သို့မဟုတ်

Tenofovir (TDF/TAF) + Emtricitabine (FTC) + Efavirenz (EFV)

ဆေးအတွဲတွေ သောက်နိုင်ပါတယ်။

HIV RNA ပိုးကောင်ရေ 500000 copies/ml အောက် နည်းတယ်ဆိုရင်

Dolutegravir (DTG) + Lamivudine (3TC) ဆေးနှစ်မျိုးတည်း သောက်လို့လည်း ရပါတယ်။

ပိုးကောင်ရေကို ကောင်းကောင်းထိန်းနိုင်လာတဲ့အခါ Cabotegravir long acting (CAB­-LA) နဲ့ Rilpivirine (RPV) ဆေးနှစ်မျိုးကို (၁) လတစ်ခါ သို့မဟုတ် (၂) လတစ်ခါ အသားဆေးထိုးလို့ ရပါတယ်။ မြန်မာနိုင်ငံမှာ တရားဝင်သွင်းထားတာ မတွေ့ဖူးသေးပါ။

▶Efavirenz (EFV) ပါတဲ့ ဆေးအတွဲကို သောက်ရင် အစာနဲ့အနည်းဆုံး (၂) နာရီလောက် ခွါပြီး သောက်ပါ။

▶အသည်းရောင်အသားဝါဘီပိုးပါတွဲရှိနေရင် Tenofovir Alafenamide (TAF) or Tenofovir disoproxil fumarate (TDF) ပါတဲ့ ဆေးအတွဲကို ရွေးရပါမယ်။

▶ကျောက်ကပ်အားနည်းခြင်း၊ အရိုးပွခြင်း ရှိရင် Tenofovir disoproxil fumarate (TDF) ဆေးပါတဲ့အတွဲကို မသောက်သင့်ပါ။

▶စိတ်ကျန်းမာရေးပြဿနာ (Psychiatric illness)၊ မှတ်ဉာဏ်အားနည်းရောဂါ (Dementia) ရှိဖူးရင် Efavirenz (EFV) ဆေးပါတဲ့အတွဲကို မသောက်သင့်ပါ။

ဆေးပုံမှန်သောက်နေဖို့ အရေးကြီးပါတယ်။ ဆေးရပ်လိုက်ရင် ပိုးတွေပွားလာပါလိမ့်မယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပုံမှန် တိုင်ပင်ကုသဖို့ လိုပါတယ်။

ဒေါက်တာငြိမ်းကိုဟိန်း

Happy & Healthy

အစာအိမ်အူလမ်းကြောင်းနှင့်အထွေထွေရောဂါအထူးကုသမားတော်

#HappyHealthy #NyeinClinic

—————————————

HIV ကူးနိုင်ခြေဖြစ်လို့၊ သံသယရှိလို့၊ ပိုးရှိနေလို့ ပြည်သူ့ဆေးရုံ၊ ကျန်းမာရေးဌာန တွေကိုလည်း သွားဖို့ အဆင်မပြေရင် ငြိမ်းဆေးခန်း (Nyein Clinic) က ကျွမ်းကျင်တဲ့ အထူးကုသမားတော်နဲ့ လူကိုယ်တိုင်လာပြီး ဖြစ်ဖြစ်၊ Video call or Phone call နဲ့ ဖြစ်ဖြစ် သေချာတိုင်ပင်ပြီး စနစ်တကျ ကုသမှု ခံယူနိုင်ပါတယ်။

HIV ART ဆေးတွေကို အခမဲ့ သောက်ခွင့်ရရင်တော့ အကောင်းဆုံးပါပဲ။ ပုံမှန်ဆေးသွားထုတ်ပြီး သောက်ဖို့ အဆင်ပြေတဲ့ လူနာတွေအတွက်တော့ ပြဿနာမရှိပါ။

အကြောင်းအမျိုးအမျိုးကြောင့် ဆေးပုံမှန် သွားထုတ်ပြီးသောက်ဖို့ အဆင်မပြေလို့ ဆေးဝယ်သောက်မယ်ဆိုတဲ့ လူနာတွေအတွက် ငြိမ်းဆေးခန်း (Nyein Clinic) မှာ မှန်ကန်တဲ့ဆေး၊ သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ရန်ကုန်နဲ့ တခြားမြို့တွေက လူနာတွေကို အိမ်အရောက် ဆေးပို့ပေးပြီး ဆေးရောက်မှ ငွေချေလို့လည်းရတော့ အားလုံးအဆင်ပြေကြတာပေါ့။

ငြိမ်းဆေးခန်းတွင်ရနိုင်သောဆေးအတွဲများ

——————————————-

(13-12-2022) ရက်နေ့ ဈေးနှုန်းများဖြစ်ပါသည်။ ဈေးနှုန်း အပြောင်းအလဲရှိနိုင်သောကြောင့် မဝယ်ယူမီ Messenger or Viber မှ ဈေးနှုန်းမေးပေးစေလိုပါသည်။

မှန်ကန်တဲ့ကုသမှု ရရှိအောင် ဆရာဝန်နှင့်တိုင်ပင်ထားသောလူနာများကိုသာ ဆေးရောင်းချပေးတာ ဖြစ်ပါတယ်။

တစ်လစာ (တစ်ရက် ဆေးတစ်လုံး)

Dolutegravir+Lamivudine+Tenofovir DF

————————————————–

Acriptega – 145000 MMK

တစ်လစာ (တစ်ရက် ဆေးနှစ်လုံး)

Dolutegravir+Tenofovir DF+Emtricitabine

————————————————–

DTV or Dolutegravir + Tutec or Tenof-Em or Ricovir-Em – 141000-146000

ဦးစားပေးဆေးအတွဲကို အကြောင်းအမျိုးမျိုးကြောင့် မသောက်ဖြစ်ရင် ရွေးချယ်လို့ ရသေးတဲ့ ဒုတိယဦးစားပေး ဆေးအတွဲတွေကတော့

တစ်လစာ (တစ်ရက် ဆေးတစ်လုံး)

Tenofovir DF + Lamivudine + Efavirenz

———————————————–

Enzlaten – 35000 (Exp Date: Jan 2022)

Eletec – 61500

Avonza – 71400

တစ်လစာ (တစ်ရက် ဆေးတစ်လုံး)

Tenofovir DF + Emtricitabine + Efavirenz

———————————————–

Oditec – 93700

Viraday – 117600

Trustiva – လောလောဆယ်ဆေးကုမ္ပဏီမှာဆေးပြတ်နေပါတယ်

ပုံနဲ့တကွ Website မှာကြည့်ချင်ရင်လည်း ရှင်းရှင်းလင်းလင်း ကြည့်နိုင်အောင် Comment မှာ Link ပေးထားပါတယ်။

———————————————————-

ဆက်သွယ်ဝယ်ယူရန်

Nyein Clinic ငြိမ်းဆေးခန်း

အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း၊ ရန်ကုန်။

Viber 09 977 273420

ကျန်းမာပျော်ရွင်ကြပါစေ