Posted on

အသည်းရောင်ရောဂါရှိမှန်းသိလား၊ သေချာကုလား

အသည်းရောင် အသားဝါ ဘီပိုး စီပိုး ရှိနေတာကို ၉၀% လောက်က ရှိမှန်းမသိကြဘူး။ မစစ်ရသေးရင် လူတိုင်း ဘီပိုး စီပိုး စစ်သင့်တယ်လို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သတ်မှတ်တိုက်တွန်းထားပါတယ်။

အသည်းရောင် အသားဝါ ဘီပိုး စီပိုး ရှိနေတာကို စနစ်တကျ ကုသမှု မခံယူရင် နောက်ဆက်တွဲ အသည်းရောင် အသည်းခြောက် အသည်းကင်ဆာ အဆင့်တွေဖြစ်လာနိုင်ပါတယ်။

ပိုးရှိမှန်း သိရရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသင့်တဲ့ အခြေအနေဆိုရင် ကုသမှု စသင့်ပါတယ်။

ဆရာဝန်ညွှန်ကြားချက် မပါပဲ မိမိဖာသာ ဆေးစဝယ်သောက်တာတော့ မလုပ်သင့်ပါဘူး။

ဘီပိုးရှိသူတွေမှာတော့ နေ့စဉ် ဆေးသောက်ပေးဖို့ လိုပါတယ် ဒါမှ ပိုးပွားမှုကို ထိန်းနိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်မှာပါ။ အသုံးများတဲ့ ကုသဆေး ၂ မျိုးရှိပါတယ် တစ်မျိုးသောက်ရင် အဆင်ပြေတာများပါတယ်။

စီပိုးရှိသူတွေမှာလည်း ပိုးကောင်ရေစစ်ကြည့်လို့ ရှိနေရင် ကုသမှု လုပ်ရပါမယ်။ ပိုကောင်းတဲ့ ဆေးအတွဲဖြစ်တဲ့ Sofosbuvir + Velpatasvir နဲ့ကုသရင် များသောအားဖြင့် ၃ လကုရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ၉၅% လောက်မှာ စီပိုး အရှင်းပျောက်သွားတာ တွေ့ရပါတယ်။ အဲ့ဒိ ဆေးအတွဲကို မတတ်နိုင်ရင် Sofosbivir + Daclatasvir ဆေးအတွဲကို သုံးနိုင်ပါတယ် သူကတော့ စီပိုးအမျိုးအစားပေါ်မူတည်ပြီး တုံ့ပြန်မှုကွာပါတယ်။

ဆေးပုံမှန်သောက်မယ် ဆရာဝန်နဲ့ ပြန်ပြပြီး ပုံမှန်စစ်ဆေးမယ်ဆိုရင် ဘီပိုး စီပိုးကြောင့် သိပ်မစိုးရိမ်ရပါဘူး။

ကုသပေးသူဆရာဝန်များနဲ့ လူနာများအတွက်

ငြိမ်းဆေးခန်း ရန်ကုန် တွင်ဝယ်ယူ ရရှိနိုင်သောဆေးများ

ဘီပိုးဆေးများ
https://drnyein.com/tag/b-drugs/

စီပိုးဆေးများ
https://drnyein.com/tag/c-drugs/

နယ်ကမှာရင်လည်း ပို့ပေးပါတယ်

Nyein Clinic ငြိမ်းဆေးခန်းနှင့်ဆေးဆိုင်
အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း
09 977 273420

Google Map Address
https://maps.app.goo.gl/P3yemByf13akWeJ29