ပြီးခဲ့တဲ့ အပတ်က #ဝမ်းချုပ်ခြင်း အကြောင်း ပြောပြပြီးပြီဆိုတော့ ဒီတစ်ပတ် #ဝမ်းလျှောခြင်း အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။
(၂၄) နာရီအတွင်း #ဝမ်းပျော့ပျော့ (BSFS ဝမ်းပုံစံ ၅၊ ၆၊ ၇) #သုံးကြိမ်နဲ့အထက် သွားရင် ဝမ်းလျှောတယ်လို့ သတ်မှတ်ပါတယ်။
#Acute_Diarrhoea #ရုတ်တရက်ဖြစ်သောကာလတိုဝမ်းလျှောခြင်း လို့ ဘာသာပြန်ရမယ်ထင်ပါတယ်။ ကာလတို ဆိုတဲ့အတိုင်း #(၁၄)ရက် (၂ ပတ်) မကျော်ပဲ ပျောက်ပါတယ်။ လူတိုင်းနီးပါး ဖြစ်ဖူးကြတဲ့ ဝမ်းလျှောခြင်းက ဒီအမျိုးအစားပဲ ဖြစ်ပါတယ်။
ဝမ်းလျှောစေတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တာများပါတယ်။ ပိုးသတ်ဆေးသောက်ဖို့ မလိုပဲ ဝမ်းလျှောလို့ ဆုံးရှုံးတဲ့ အရည်ဓာတ်ပြန်ဖြည့်ဖို့ (BPI အစိမ်းထုပ် ကဲ့သို့) သင့်တော်တဲ့ #ဓာတ်ဆားရည် ပြန်သောက်ရုံနဲ့ သက်သာတာများပါတယ်။
ဝမ်းလျှောတဲ့အကြိမ်အရေများရင် #ဝမ်းပိတ်ဆေး (Loperamide) ကို စနစ်တကျ သုံးနိုင်ပါတယ်။ (၂) ရက်ထက်တော့ ပိုမသောက်သင့်ပါ။
#အလုပ်အကိုင်ပျက်လောက်အောင်အထိဝမ်းလျှောပြီး
#လောလောလတ်လတ်ခရီးသွားထားရင်
#အဖျား(၁၀၁ဒီဂရီဖာရင်ဟိုက်)ကျော်နဲ့(၃)ရက်ကျော်လာရင်
#ဝမ်းကိုက်ပြီးဝမ်းထဲမှာသွေးပါရင်
#ဝမ်းစစ်ဆေးခြင်းနဲ့ #ပိုးသတ်ဆေးစနစ်တကျပေးခြင်း လိုအပ်နိုင်ပါတယ်
#Probiotics #Prebiotics အကျိုးပြုပိုးမွှားတွေ ပေးပြီး ကုသဖို့တော့ ခိုင်မာတဲ့ တိုက်တွန်းချက်တွေ မရှိပါဘူး။ #ပိုးသတ်ဆေးကြာရှည်သောက်လို့ဖြစ်တဲ့ဝမ်းလျှောခြင်း မှာတော့ အကျိုးရှိပါတယ်။
#Persistent_Diarrhoea #ကာလအတန်ကြာဝမ်းလျှောခြင်း
ဝမ်းလျှောတာ #(၂)ပတ်နဲ့(၁)လကြား ကြာလာရင် သတ်မှတ်ပါတယ်။
ဝမ်းလျှောစေတဲ့ပိုးကို #ပိုးမွေးခြင်းရှာဖွေခြင်းနဲ့ #အဖြေအရသင့်တော်တဲ့ပိုးသတ်ဆေးပေး ကုသဖို့ လိုပါတယ်။
#Chronic_Diarrhoea #နာတာရှည်ဝမ်းလျှောခြင်း
ဝမ်းလျှောတာ #(၄)ပတ်ကျော် ကြာလာရင် သတ်မှတ်ပါတယ်။
သေချာ မေးမြန်းစမ်းသပ်ခြင်း စစ်ဆေးခြင်း ပြုလုပ်ပြီး စနစ်တကျ ကုသဖို့ လိုပါတယ်။
#IBS လို့ခေါ်တဲ့ #အူလှုပ်ရှားမှုမမှန်၍ဝမ်းလျှောခြင်း ကြောင့် ဖြစ်တာများပါတယ်။
#အူထဲမှာသည်းခြေအက်ဆစ်များလာလို့ဝမ်းလျှောခြင်း လည်း အဖြစ်များပါတယ်။
အနောက်နိုင်ငံတွေမှာတော့ #အစားအစာဂျုံမှာပါတဲ့ဓာတ်ကိုခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကြောင့် ဝမ်းလျှောခြင်းလည်း အဖြစ်များပါတယ်။
#အူမကြီးကင်ဆာ နဲ့ #နာတာရှည်အူမကြီးရောင်ရောဂါတွေ ကလည်း နာတာရှည်ဝမ်းလျှောခြင်း ဖြစ်စေနိုင်လို့ #အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးဖို့ပါ လိုအပ်နိုင်ပါတယ်။
ဝမ်းလျှောခြင်းဝေဒနာခံစားနေရရင် Happy & Healthy page ကွန်မန့်မှာ သိချင်တာ မေးသွားနိုင်ပါတယ်။
ကျန်းမာပျော်ရွင်ကြပါစေ။
ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်
References
- American College of Gastroenterology Guideline (Arasaradnam RP, 2016)
- British Society of Gastroenterology Guideline (Riddle MS, 2018)
အစာအိမ်၊ အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ် ရောဂါတွေအကြောင်းကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း ပြောပြပေးပါမယ်။ Page ကို Like & Follow လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။
မိတ်ဆွေတွေသိအောင်လည်း မျှဝေနိုင်ပါတယ်။