Posted on

အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာဖြစ်ပွားနှုန်း

နှစ်စဉ်တိုင်း March လကို အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာ (Colorectal Cancer CRC) သတိထားမိအောင် လှုံ့ဆော်ပေးတဲ့လ အဖြစ် သတ်မှတ်ပါတယ်။

အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာက ကမ္ဘာပေါ်မှာ တတိယ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားဖြစ်ပါတယ်။

ကင်ဆာရောဂါကြောင့် သေဆုံးရခြင်းတွေမှာ ဒုတိယနေရာမှာ ရှိနေပြီး နှစ်စဉ် လူတစ်သန်းလောက် အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာကြောင့် သေဆုံးနေကြပါတယ်။

သင်ရောဖြစ်နိုင်သလား
—————————–

👉 ဖြစ်နိုင်ပါတယ်

အမျိုးသား ၂၃ ယောက်မှာ ၁ ယောက်

အမျိုးသမီး ၂၆ ယောက်မှာ ၁ ယောက်

အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။

အဖေ၊ အမေ၊ ညီအစ်ကို မောင်နှမ အရင်းတွေထဲမှာ အသက် (၆၀) မပြည့်မီ အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာ ဖြစ်ဖူးသူရှိရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

ကြိုတင်ကာကွယ်လို့ရလား
———————————–
✔️ ကြိုတင်ကာကွယ်လို့ရပါတယ်

အူမကြီးနဲ့အစာဟောင်းအိမ်က အသားပိုလုံးတွေကို စောစောတွေ့အောင် စစ်ဆေး ရှာဖွေပြီး ကင်ဆာအဆင့် မပြောင်းမီ ကုသပေးလို့ရပါတယ်။

ဘယ်လိုကာကွယ်မလဲ
—————————-
အသက် (၄၅) နှစ်ကျော်ရင်
အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ တိုင်ပင်ပြီး
အူမကြီးမှန်ပြောင်းကြည့်ရှုစစ်‌ဆေးမှု ခံယူပါ
(ကောင်းရင် ၁၀ နှစ်နေမှ နောက်တစ်ကြိမ်ကြည့်ရမယ်)

သို့မဟုတ်

နှစ်စဉ် Fecal Immunochemical Test (FIT) ဝမ်း စစ်ဆေးမှု ခံယူပါ။
(ဝမ်းထဲမှာ မျက်စိနဲ့ မမြင်ရပေမဲ့ သွေးအနည်းငယ် ပါနေတာကို ပြတဲ့ FIT positive ဖြစ်ရင် အူမကြီးမှန်ပြောင်း ကြည့်ဖို့လိုပါတယ်)

တခြားပြဿနာတွေကြောင့် အူမကြီးမှန်ပြောင်းကြည့်ဖို့ လိုအပ်တဲ့အချက်တွေ ရေးပေးထားတာ ရှိပါတယ်။

ဒီမှာ ဖတ်နိုင်ပါတယ်

👉 အူမကြီးမှန်ပြောင်းကြည့်သင့်သူများ

https://www.facebook.com/drnyeinkohein/posts/pfbid02GmxtQRLfrexRNLcRrLLdmvznnT9fXPGiBXUsJzLaGZj9mGfVKPcfD5AaoDRABpA7l

‌ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာရောဂါဘေးမှ ကင်းဝေးကြပါစေ။

အစာအိမ်၊ အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ် ရောဂါများ၊ သိမှတ်ဖွယ်ရာ ကျန်းမာရေးဗဟုသုတများ ကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေတိုင်း ပြောပြပေးပါမယ်။ Page ကို Like & Follow လုပ်ထားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ရေးပေးထားပြီးသား သိမှတ်ဖွယ်ရာ ကျန်းမာရေး ဗဟုသုတတွေကိုလည်း လာဖတ်ကြည့်နိုင်ပါတယ်။

မသိသေးတဲ့ မိတ်ဆွေတွေသိအောင်လည်း မျှဝေနိုင်ပါတယ်။