Posted on

COVID ဖြစ်တဲ့လူနာဆီက ဘယ်နှစ်ရက်ကြာအထိကူးနိုင်သေးလဲ

လူနာအများစုမှာ လက္ခဏာစပြပြီးနောက် (၁၀) ရက်ကျော်ရင် မကူးနိုင်တော့ပါဘူး။

စစ်လို့ ပိုးတွေ့ပေမဲ့ လက္ခဏာမပြတဲ့သူတွေမှာ Positive ဖြစ်ပြီး (၁၀) ရက်ကျော်ရင် မကူးနိုင်တော့ပါဘူး။

လက္ခဏာစပြပြီး (၁၀) ရက်ကျော်မယ်၊ အဖျားကျဆေးမလိုပဲ မဖျားတော့တာ (၂၄) နာရီကျော်မယ်၊ တခြားလက္ခဏာတွေလည်းသက်သာလာမယ် ဆိုရင် လူနာကို Isolation အနေနဲ့ သီးသန့်ခွဲထားတာကို ရပ်လို့ရပြီလို့ ဆိုပါတယ်။

အဲ့လို လူနာတွေကို (၁၀) ရက်ကျော်မှာ ပိုးရှိသလားထပ်စစ်လို့ ပိုးတွေ့ရသေးရင်တောင် အဲ့ဒီပိုးက နောက်တစ်ယောက်ကို ကူးစက်အောင် မပွားနိုင်တော့ပါဘူး။

ရောဂါပြင်းထန်ပြီး ကိုယ်ခံအားကျနေတဲ့ လူနာတွေဆိုရင်တော့ လက္ခဏာစပြပြီးနောက် ရက် (၂၀) လောက်အထိ ကူးနိုင်သေးတယ်လို့ တွေ့ရပါတယ်။

ရောဂါဖြစ်ဖြစ်၊ မဖြစ်ဖြစ် အားလုံးဆက်လက်လိုက်နာသင့်တာကတော့

အိမ်မှာအတူနေတာမဟုတ်တဲ့သူတွေနဲ့ တွေ့ရင် အနည်းဆုံး ၆ ပေလောက်ခွာနေပါ၊ Mask တပ်ပါ၊ လူစုလူဝေး ရှောင်ပါ၊ လက်ကို ပုံမှန်ဆေးပါ။

Reference: US CDC, March 2021

မှန်ကန်သော ကျန်းမာရေးဗဟုသုတတွေ မျှဝေပေးနေတဲ့

Happy & Healthy

အမြဲဖတ်ဖို့ See First လုပ်ထားစို့

ကျန်းမာပျော်ရွင်ကြပါစေ