Posted on

COVID-19 ရောဂါကူးစက်ပုံ

❝ လူတစ်ဦးမှတစ်ဦးသို့ ❞

ကူးစက်ခံရသူတစ်ဦးမှ တခြားတစ်ဦးသို့ ပျံ့နှံ့ကူးစက်ခြင်းသည် ဗိုင်းရပ်စ်ကူးစက်သည့် အဓိကနည်းလမ်းဖြစ်သည်။

¤ ရောဂါရှိသူနှင့် (၆) ပေထက် နီးကပ်စွာ ရှိခြင်း

¤ ရောဂါရှိသူ ချောင်းဆိုးနှာချေရာတွင် အသက်ရှုလမ်းကြောင်းမှ ထွက်လာသော အမှုန်အမွှားများမှ ကူးစက်ခြင်း

ရောဂါရှိပြီး ချောင်းဆိုး၊ နှာချေသူနှင့် (၆) ပေအကွာအဝေးအတွင်းရှိသူများသည် ထိုအမှုန်အမွှားများ ပါးစပ်၊ နှာခေါင်းအတွင်းဝင်လာ၍သော်လည်းကောင်း၊ အဆုတ်အတွင်းရှုသွင်းမိ၍ သော်လည်းကောင်း ကူးစက်ခံရနိုင်ပါသည်။

❝ ရောဂါပိုးတင်ကျန်နေသော မျက်နှာပြင်များ၊ အရာဝတ္တုများမှကူးခြင်း ❞

ရောဂါရှိပြီး ချောင်းဆိုးနှာချေသူ၏ အသက်ရှုလမ်းကြောင်းမှ ထွက်လာသော အမှုန်အမွှားများတွင် ဗိုင်းရပ်စ်ပိုး ပါနေသည်။ ထိုပိုးများတင်ကျန်နေသော မျက်နှာပြင်များ အရာဝတ္တုများကို ထိကိုင်မိသူသည် လက်မဆေးပဲ ပါးစပ်၊ နှာခေါင်း၊ မျက်စိကို ထပ်မံ ထိကိုင်မိလျှင် ရောဂါ ကူးစက်နိုင်သည်။

❝ ရောဂါရှိပြီး လက္ခဏာ (ဖျား၊ ချောင်းဆိုး၊ နှာချေ) မရှိသူထံမှကူးနိုင်သလား ❞

ရောဂါလက္ခဏာသိသိသာသာပြသောအချိန် (နာမကျန်းဖြစ်နေချိန်) မှာ တခြားသူကိုကူးစက်နိုင်ခြေအများဆုံးဖြစ်သည်။

ရောဂါရှိပြီး လက္ခဏာမပြသေးမီ တခြားသူကိုကူးစက်နိုင်ခြေ အနည်းငယ်ရှိသည်။ ထိုသို့ ကူးစက်မှုဖြစ်နိုင်ကြောင်း တွေ့ရှိချက်အနည်းငယ်ရှိသော်လည်း ၎င်းနည်းလမ်းဖြင့်ကူးစက်ခြင်းသည် အဓိကပျံ့နှံ့စေသည့် အကြောင်းအရင်း မဟုတ်ပါ။

COVID-19 ရောဂါကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှ တစ်ဦးသို့ လွယ်ကူစွာ မရပ်မနား ပျံ့နှံ့နိုင်သောကြောင့် ကူးစက်နိုင်သော နည်းလမ်းများကို ရှင်းလင်းစွာ သိရှိနိုင်ရန် သီးသန့် ဖော်ပြလိုက်ပါသည်။

#COVID19#Transmission

#HappyHealthy

Ref: US CDC