Posted on

ပို့စ်တင်တိုင်း ဖတ်ဖို့ Viber မှာ Join ထားစို့

👉 ကျန်းမာရေး ဗဟုသုတတွေ အလွယ်တကူ သိရှိနိုင်ဖို့

Happy & Healthy Viber Community ကို ဖိတ်ခေါ်ပါတယ်နော်

Viber ဆိုတော့ အများစုလည်း သုံးတယ် လွယ်လည်းလွယ်တယ်လေ

Join ဖို့ အောက်က Join Viber ကိုနှိပ်လိုက်ပါ
Join Viber

မှန်ကန်တဲ့ ကျန်းမာရေး ဗဟုသုတတွေ မျှဝေနေတဲ့

Happy & Healthy

ပို့စ်တင်တိုင်း ဖတ်ဖို့ Viber မှာပါ Join ထားစို့

Posted on

အစာအိမ်ဆေးဘယ်အချိန်သောက်မလဲ

အစာအိမ်အက်ဆစ်ဓာတ် ထုတ်တဲ့ ဂလင်းတွေက မနက်ပိုင်းမှာ ပိုအလုပ်လုပ်ပါတယ်။

အစာအိမ်ဆေး -prazole တွေ သောက်ရင် မနက်စာမစားမီ သောက်ပါ။

💊ဗိုက်အောင့် ဗိုက်နာ ရောဂါက အဖြစ်များပါတယ်။

အစာအိမ်နဲ့ အူရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း စတဲ့ရောဂါတွေမှာ အစာအိမ်ဆေး စွဲသောက်ရလေ့ရှိပါတယ်။

👨‍⚕️ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘယ်လောက်ကြာအောင် သောက်ရမလဲဆိုတာ စမ်းသပ် စစ်ဆေးတွေ့ရှိတဲ့ အဖြေတွေ အပေါ်မူတည်ပြီး ညွှန်ကြားပေးပါလိမ့်မယ်။

စစ်ဆေးကြည့်လို့ အစာအိမ်ပိုးရှိနေရင် ပိုးသေဆေးတွေနဲ့ အစာအိမ်ဆေး တွဲသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။

👉Omeprazole, Esomeprazole, Pantoprazole, Lansoprazole, Rabeprazole စတဲ့ အစာအိမ်ဆေးတွေက အစာအိမ်အက်ဆစ်ဓာတ်ထွက်တာကို လျှော့ချပေးပြီး အစာအိမ်ရောင်တာကို သက်သာစေပါတယ်။

အစာအိမ်ရောင်တယ်ဆိုရင် များသောအားဖြင့် တစ်ရက် တစ်ကြိမ်သောက်ရင် လုံလောက်ပါတယ်။

⏲ဆေးအာနိသင်ကို အကောင်းဆုံး ရရှိနိုင်ဖို့အတွက် နံနက်စာမစားမီ နာရီဝက်လောက် ကြိုသောက်သင့်ပါတယ်။

ကျန်းမာပျော်ရွင်ကြပါစေ

ကျွမ်းကျင်တဲ့ သမားတော်နဲ့ ဖုန်း သို့မဟုတ် Viber video call မှတစ်ဆင့် တိုင်ပင် ဆွေးနွေးနိုင်ပါတယ်။
တိုင်ပင်ချင်ရင် Nyein Clinic ငြိမ်းဆေးခန်း 09977273420 ကို မနက် ၉ နာရီမှ ည ၈ နာရီအတွင်း ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

Posted on

အသည်းရောင်ရောဂါ စစ်ဆေးပါ

အနီးတစ်ဝိုက်က မစစ်ရသေးတဲ့သူတွေ စစ်ဆေးကြည့်သင့်ပါတယ်။

အသည်းရောဂါတွေက စောစောသိ စောစောကုရင် အန္တရာယ် မပေးပါဘူး

ကျန်းမာပျော်ရွင်ကြပါစေ

ဆက်သွယ်ရန်
*************
Nyein Clinic ငြိမ်းဆေးခန်းနှင့်ဆေးဆိုင်
အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း
09 977 273420

Google Map Address
https://maps.app.goo.gl/P3yemByf13akWeJ29

Posted on

အစာအိမ်ပိုး (H. pylori)

လူတစ်ရာရှိရင် (၅၀) လောက်မှာ အစာအိမ်ပိုး ကူးစက်ခြင်းခံနေရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အစာအိမ်ပိုး ပါးစပ်တွင်းဝင်တာက တစ်ဆင့် ကူးစက်ပါတယ်။

အစာအိမ်ပိုးရှိရင် ပေါ့ဆလို့တော့ မရပါ

အစာအိမ်ပိုးကြောင့် အစာအိမ်နဲ့အူသိမ် ရောင်ခြင်း၊ အနာဖြစ်ခြင်း၊ သွေးယိုခြင်း ဖြစ်နိုင်ပါတယ်။

မကြာခဏ ဗိုက်အောင့်စေတဲ့ အကြောင်းတစ်ခုပါ

အစာအိမ်ပိုးရှိသူ (၅) ယောက်မှာ (၁) ယောက်က အစာအိမ်နဲ့အူသိမ် အနာဖြစ်နိုင်တယ်။

အစာအိမ်ပိုးရှိသူ (၁၀၀) မှာ (၂) ယောက်က အစာအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ ကြောက်စရာပါ။

Continue reading အစာအိမ်ပိုး (H. pylori)
Posted on

မိခင်နို့ဦးရည်ကဲ့သို့ သင့်ကို ကာကွယ်ပေးမယ့် Imunor

✔ဆီးချိုကဲ့သို့ ကိုယ်ခံအားကျစေတဲ့ နာတာရှည် ရောဂါသည်တွေ သောက်ဖို့ သင့်လျော်ပါတယ်။

✔ HIV ရှိနေသူတွေ ART ဆေး နဲ့ အတူ တွဲဖက်သောက်သုံးရင် ကိုယ်ခံအားပိုကောင်းစေပါတယ်၊ ရောဂါပိုးရှိ မိခင်မှ ကလေးထံ ကူးစက်မှုကို ကာကွယ်ရန်လည်း ကူညီပါတယ်။

Continue reading မိခင်နို့ဦးရည်ကဲ့သို့ သင့်ကို ကာကွယ်ပေးမယ့် Imunor
Posted on

HIV ကူးမှာကြောက်တယ်

အကြောင်းအမျိုးမျိုးကြောင့် HIV ရှိနိုင်ခြေများတဲ့သူနဲ့ ကူးနိုင်လောက်တဲ့ ထိတွေ့မှုဖြစ်သွားခဲ့ပြီ ဆိုပါစို့

ကိုယ့်ကို မကူးအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ သေချာသိဖို့ လိုအပ်ပါတယ်။

ကူးနိုင်တဲ့ထိတွေ့မှုဖြစ်ပြီး ကာကွယ်တာမို့လို့ Post Exposure Prophylaxis (PEP) လို့ခေါ်ပါတယ်။

ကူးနိုင်ခြေဖြစ်ပြီး (၇၂) နာရီအတွင်း စသောက်မှ အာနိသင်ရှိမှာပါ။

Continue reading HIV ကူးမှာကြောက်တယ်
Posted on

HIV ကုသမှုယူနေရင် ဘာတွေ ပုံမှန်စစ်ဖို့လိုမလဲ

ပုံမှန် စစ်ဆေးသင့်တဲ့ စစ်ဆေးမှုတွေထဲက အရေးအကြီးဆုံး (၂) ခုကတော့ Viral Load ပိုးကောင်ရေ နဲ့ CD4 count ခုခံအားဆဲလ်အရေအတွက် ဖြစ်ပါတယ်။

ပိုးကောင်ရေစစ်ဆေးခြင်း
————————-
ပိုးရှိသူရဲ့ သွေးထဲမှာ HIV ပိုးကောင်ရေ ဘယ်လောက်ရှိနေသလဲ စစ်ဆေးခြင်း ဖြစ်ပါတယ်။

ART ဆေးစပြီး (၆) လမှာ တစ်ကြိမ်၊ (၁၂) လမှာ တစ်ကြိမ် ပိုးကောင်ရေ စစ်ဆေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းပါတယ်။

နောက်ပိုင်းမှာလည်း တစ်နှစ် တစ်ကြိမ် စစ်ဆေးဖို့ တိုက်တွန်းပါတယ်။

ရောဂါအနေအထားနဲ့ ဆေးအာနိသင်ကို သေချာသိရနိုင်တဲ့အတွက် အရေးကြီးပါတယ်။

Continue reading HIV ကုသမှုယူနေရင် ဘာတွေ ပုံမှန်စစ်ဖို့လိုမလဲ
Posted on

HIV ကူးနိုင်ခြေ ဖြစ်ပြီး ကာကွယ်ခြင်း PEP

ငြိမ်းဆေးခန်းမှာ Teleconsultation (Viber or Phone) နဲ့ တိုင်ပင်ဆွေးနွေးပေးရတဲ့ လူနာတွေထဲမှာ
HIV ကူးနိုင်ခြေရှိတဲ့ ထိတွေ့မှု ဖြစ်ခဲ့လို့ တိုင်ပင်ကြတဲ့သူတွေများပါတယ်။
ဆရာဝန်၊ သူနာပြုများ အပါအဝင် Foreigner တွေ၊ မြန်မာ အမျိုးသား၊ အမျိုးသမီးတွေ အစုံပါပဲ။

အားလုံးလည်း သိသင့်လို့ ရေးပေးပါဦးမယ်။

ပထမဆုံး ကတော့

ဘယ်လိုထိတွေ့ရင် ကူးနိုင်သလဲ
——————————
ကူးနိုင်ခြေရှိတဲ့ ထိတွေ့မှုကို Exposure လို့ခေါ်ပါတယ်။

American Centers for Disease Control (CDC) မှာ ဖော်ပြထားချက်အရ

သွေးထဲမှာ HIV ပိုးရှိသူနဲ့ အောက်ပါအတိုင်း လူ (၁၀၀၀၀) ထိတွေ့မှု ဖြစ်ခဲ့တယ်ဆိုပါစို့

Continue reading HIV ကူးနိုင်ခြေ ဖြစ်ပြီး ကာကွယ်ခြင်း PEP