Posted on

H pylori အစာအိမ်ပိုး

ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်လောက်မှာ အစာအိမ်ပိုး (Helicobacter pylori) ရှိနေတယ်လို့ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အဖြစ်များပြီး မကြာခဏ ဗိုက်အောင့်တဲ့ ပြဿနာရဲ့ တရားခံလည်း ဖြစ်နေတတ်ပါတယ်။

အစာအိမ်ပိုးကို စစ်ဆေးပြီး သေချာကုသဖို့ လိုအပ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အစာအိမ်ပိုးက အစာအိမ်ရောင်၊ အူသိမ်အနာ၊ အစာအိမ်အနာဖြစ်စေတာတင်မကပဲ အစာအိမ်ကင်ဆာလည်း ဖြစ်စေနိုင်လို့ပါ။ အစာအိမ်ကင်ဆာ ဖြစ်သူတွေရဲ့ (၈၅ ရာခိုင်နှုန်းကျော်) က အစာအိမ်ပိုးကြောင့် ဖြစ်ပါတယ်။

ဒီလိုလူတွေမှာ ပိုးရှိမရှိ စစ်သင့်တယ်

Continue reading H pylori အစာအိမ်ပိုး
Posted on

COVID ဖြစ်တဲ့လူနာဆီက ဘယ်နှစ်ရက်ကြာအထိကူးနိုင်သေးလဲ

လူနာအများစုမှာ လက္ခဏာစပြပြီးနောက် (၁၀) ရက်ကျော်ရင် မကူးနိုင်တော့ပါဘူး။

စစ်လို့ ပိုးတွေ့ပေမဲ့ လက္ခဏာမပြတဲ့သူတွေမှာ Positive ဖြစ်ပြီး (၁၀) ရက်ကျော်ရင် မကူးနိုင်တော့ပါဘူး။

လက္ခဏာစပြပြီး (၁၀) ရက်ကျော်မယ်၊ အဖျားကျဆေးမလိုပဲ မဖျားတော့တာ (၂၄) နာရီကျော်မယ်၊ တခြားလက္ခဏာတွေလည်းသက်သာလာမယ် ဆိုရင် လူနာကို Isolation အနေနဲ့ သီးသန့်ခွဲထားတာကို ရပ်လို့ရပြီလို့ ဆိုပါတယ်။

Continue reading COVID ဖြစ်တဲ့လူနာဆီက ဘယ်နှစ်ရက်ကြာအထိကူးနိုင်သေးလဲ
Posted on

COVID-19 ခုခံစွမ်းအား

➤ အမှတ်မမှားစေဖို့

COVID ဖြစ်ပြီး ရောဂါခုခံစွမ်းအား Antibody စစ်ကြည့်ကြတယ်။ အွန်လိုင်းမှာ ပြန့်နေတဲ့ Interpretation ပုံလေးတွေကြည့်ပြီး ယူဆချက်တွေ လွဲနေတာကို တွေ့ရပါတယ်။

မှားနေတဲ့ယူဆချက်များ

—————————-

IgM ပေါ်နေသေးရင် ပိုးကူးနိုင်သေးတယ်

IgG ပေါ်ရင်ရောဂါ ကာကွယ်နိုင်စွမ်းရှိနေပြီ

—————————-

အမှန်ကတော့

Continue reading COVID-19 ခုခံစွမ်းအား
Posted on

COVID-19 ကာကွယ်ဆေးများ

⇰ ကိုဗစ်ကာကွယ်ဆေး

မထိုးရသေးတဲ့သူတွေ ထိုးကိုထိုးသင့်ပါတယ်

ကာကွယ်ဆေးထိုးထားရင် လူအများစုမှာ ရောဂါမဖြစ်အောင်တားပေးနိုင်ပါတယ်။ တချို့မှာ ကာကွယ်ဆေးထိုးပြီး ရောဂါဖြစ်နိုင်သေးပေမဲ့ ရောဂါပြင်းထန်မှု မရှိကြပါဘူး။

ထိုးခွင့်ရရင် ထိုးသင့်ပါတယ်

ကိုဗစ်မဖြစ်ဖူးဘူး၊ ဘာလက္ခဏာမှလည်း မခံစားရဘူး ဆိုတဲ့သူတွေမှာ ကာကွယ်ဆေးကို အဆင်ပြေတဲ့အချိန် ထိုးနိုင်ပါတယ်။

ကိုဗစ်ဖြစ်တဲ့ သူတွေမှာတောင်

Continue reading COVID-19 ကာကွယ်ဆေးများ
Posted on

ကိုဗစ်မှာ Dexa စနစ်တကျပေးနည်း

👩 ကိုဗစ်ဖြစ်တိုင်း Dexa ပေးဖို့လိုပါသလား ဆရာ။

👨‍⚕️ လက်ထိပ်မှာတိုင်းကြည့်လို့ အောက်ဆီဂျင် SpO2 ၉၄% အောက်ရောက်နေရင်တော့ Dexa သောက်ဆေး သို့မဟုတ် ထိုးဆေး စပေးသင့်ပါတယ်။ အောက်ဆီဂျင် ၉၄ အောက်မကျရင်တော့ မလိုပါဘူး။

👩 Dexa ပေးဖို့လိုရင် ဆေးပမာဏ (Dose) ဘယ်လောက်ပေးရမလဲ ဆရာ။

Continue reading ကိုဗစ်မှာ Dexa စနစ်တကျပေးနည်း
Posted on

ပို့စ်တင်တိုင်းဖတ်ဖို့ Telegram မှာ Join ပါ

ခင်မင်ရတဲ့ မိတ်ဆွေများအတွက် မှန်ကန်တဲ့ ကျန်းမာရေး ဗဟုသုတတွေ အမြဲမပြတ် သိနိုင်အောင် Telegram မှာလည်း Happy & Healthy ရှိနေပါပြီနော်။

အောက်က Link မှာ Join ထားနိုင်ပါတယ်။

https://t.me/drnyein

ကျန်တဲ့ မိတ်ဆွေတွေလည်း သိသင့်သိထိုက်တာတွေ မသိလိုက်ရ မရှိရအောင် Share ပေးကြပါဦး

ကျန်းမာပျော်ရွင်ကြပါစေ