Posted on

ဝမ်းလျှောခြင်း

ပြီးခဲ့တဲ့ အပတ်က #ဝမ်းချုပ်ခြင်း အကြောင်း ပြောပြပြီးပြီဆိုတော့ ဒီတစ်ပတ် #ဝမ်းလျှောခြင်း အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။

(၂၄) နာရီအတွင်း #ဝမ်းပျော့ပျော့ (BSFS ဝမ်းပုံစံ ၅၊ ၆၊ ၇) #သုံးကြိမ်နဲ့အထက် သွားရင် ဝမ်းလျှောတယ်လို့ သတ်မှတ်ပါတယ်။

#Acute_Diarrhoea #ရုတ်တရက်ဖြစ်သောကာလတိုဝမ်းလျှောခြင်း လို့ ဘာသာပြန်ရမယ်ထင်ပါတယ်။ ကာလတို ဆိုတဲ့အတိုင်း #(၁၄)ရက် (၂ ပတ်) မကျော်ပဲ ပျောက်ပါတယ်။ လူတိုင်းနီးပါး ဖြစ်ဖူးကြတဲ့ ဝမ်းလျှောခြင်းက ဒီအမျိုးအစားပဲ ဖြစ်ပါတယ်။

Continue reading ဝမ်းလျှောခြင်း
Posted on

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

လူတစ်ယောက်အတွက် ပုံမှန်ဝမ်းသွားတဲ့အကြိမ်ဟာ တစ်ရက် (၃) ကြိမ်မှ၊ တစ်ပတ် (၃) ကြိမ်အတွင်း ရှိနိုင်ပါတယ်။

▶ ဘယ်လိုဆိုရင် ဝမ်းချုပ်တယ်ခေါ်လဲ

ဝမ်းနှုတ်ဆေးသောက်ဖို့မလိုပဲ တစ်ပတ်ကို (၃) ကြိမ်မှ မသွားရင်

ဝမ်းကလည်း အတုံးပုံစံ မာပြီး ဝမ်းသွားရခက်ရင် ဝမ်းချုပ်တယ်လို့ သတ်မှတ်ပါတယ်။

Continue reading ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ
Posted on

အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးပါ

အသိတစ်ယောက် အူမကြီးကင်ဆာဖြစ်လို့တဲ့။ စသိတဲ့အချိန်က နောက်ကျတော့ အဆုတ်နဲ့ အသည်းကို ကင်ဆာပြန့်နေပြီပြောတယ်။ ဟိုတစ်လောက ဆုံးသွားပြီ။

စိတ်မကောင်းစရာပါ။

အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာ (Colorectal Carcinoma CRC) ကို ကြိုတင်ကာကွယ်လို့ရပါတယ်။

Continue reading အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးပါ
Posted on

အူမကြီးမှန်ပြောင်းကြည့်ဖို့လိုပြီလား

ထိပ်မှာ အလင်းရောင်နဲ့ ကင်မရာပါဝင်တဲ့ လက်ညိုးအရွယ်ပိုက်ပျော့လေးကို စအိုမှတစ်ဆင့် ထည့်ကြည့်တာပါ။

(အသက် ၄၅ နှစ်ကျော်တဲ့သူတိုင်း အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးမှု ခံယူပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ဖို့ တိုက်တွန်းနေကြပါပြီ)

⚠️ အောက်ပါ အချက် (၁၇) ချက်မှာ တစ်ခုခု ရှိရင် အူမကြီးမှန်ပြောင်းကြည့်ဖို့လိုအပ်ပါတယ်။

Continue reading အူမကြီးမှန်ပြောင်းကြည့်ဖို့လိုပြီလား
Posted on

ဗိုက်အောင့်ခြင်း/ဗိုက်မအီမသာဖြစ်ခြင်း

ဗိုက်အောင့်ခြင်းက အဖြစ်များပါတယ်။ လူငါးယောက်မှာ တစ်ယောက်လောက် ခံစားနေရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။

ဗိုက်အောင့်ခြင်း/မအီမသာဖြစ်ခြင်းကို ဆေးပညာအခေါ်အရ (Dyspepsia) လို့ခေါ်ပါတယ်။

အစာအိမ်နဲ့ အူသိမ်အစပိုင်းမှာ ဖြစ်တဲ့ ရောဂါတွေကြောင့် ဖြစ်တယ်လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။

လက္ခဏာတွေကတော့

Continue reading ဗိုက်အောင့်ခြင်း/ဗိုက်မအီမသာဖြစ်ခြင်း
Posted on

H pylori အစာအိမ်ပိုး

အစာအိမ်ပိုးဆိုတာ Helicobacter pylori (H. pylori) လို့‌ခေါ်တဲ့ ဘက်တီးရီးယားပိုး ဖြစ်ပါတယ်။

သုတေသနတွေအရ နိုင်ငံတော်တော်များများရဲ့ လူဦးရေ တစ်ဝက်လောက်အထိ အစာအိမ်ပိုးကူးစက်နေတာကို တွေ့ရှိရပါတယ်။ ကလေးဘဝမှာ ကူးခဲ့တာ များပါတယ်။

ကူးစက်ပြီးရင်လည်း အချိန်တန်ရင် ပျောက်သွားတတ်တဲ့ ပိုးအမျိုးအစားမဟုတ်ပါ၊ စနစ်တကျ ကုသမှသာ ပျောက်နိုင်ပါတယ်။

ကူးစက်နိုင်သောနည်းလမ်းများ

Continue reading H pylori အစာအိမ်ပိုး
Posted on

အစာအိမ်မှန်ပြောင်းကြည့်ဖို့လိုပြီလား

အစာအိမ်မှန်ပြောင်းလို့ အလွယ်ပြောလိုက်ပေမဲ့ အစာရေမျိုပြွန်၊ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းတွေကို ကြည့်ရှုစစ်ဆေး ကုသပေးနိုင်တဲ့ မှန်ပြောင်းကြည့်နည်းစနစ်ဖြစ်ပါတယ်။ ထိပ်မှာ အလင်းရောင်နဲ့ ကင်မရာပါဝင်တဲ့ လက်သန်းအရွယ်ပိုက်ပျော့လေးကို ပါးစပ်ကတစ်ဆင့် ထည့်ကြည့်တာပါ။

⚠️ အောက်ပါ အချက် (၂၃) ချက်မှာ တစ်ခုခု ရှိရင် အစာအိမ်မှန်ပြောင်းကြည့်ဖို့လိုအပ်ပါတယ်။

Continue reading အစာအိမ်မှန်ပြောင်းကြည့်ဖို့လိုပြီလား