Posted on

HIV ကုသမှုယူနေရင် ဘာတွေ ပုံမှန်စစ်ဖို့လိုမလဲ

ပုံမှန် စစ်ဆေးသင့်တဲ့ စစ်ဆေးမှုတွေထဲက အရေးအကြီးဆုံး (၂) ခုကတော့ Viral Load ပိုးကောင်ရေ နဲ့ CD4 count ခုခံအားဆဲလ်အရေအတွက် ဖြစ်ပါတယ်။

ပိုးကောင်ရေစစ်ဆေးခြင်း
————————-
ပိုးရှိသူရဲ့ သွေးထဲမှာ HIV ပိုးကောင်ရေ ဘယ်လောက်ရှိနေသလဲ စစ်ဆေးခြင်း ဖြစ်ပါတယ်။

ART ဆေးစပြီး (၆) လမှာ တစ်ကြိမ်၊ (၁၂) လမှာ တစ်ကြိမ် ပိုးကောင်ရေ စစ်ဆေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းပါတယ်။

နောက်ပိုင်းမှာလည်း တစ်နှစ် တစ်ကြိမ် စစ်ဆေးဖို့ တိုက်တွန်းပါတယ်။

ရောဂါအနေအထားနဲ့ ဆေးအာနိသင်ကို သေချာသိရနိုင်တဲ့အတွက် အရေးကြီးပါတယ်။

Continue reading HIV ကုသမှုယူနေရင် ဘာတွေ ပုံမှန်စစ်ဖို့လိုမလဲ
Posted on

HIV ကူးနိုင်ခြေ ဖြစ်ပြီး ကာကွယ်ခြင်း PEP

ငြိမ်းဆေးခန်းမှာ Teleconsultation (Viber or Phone) နဲ့ တိုင်ပင်ဆွေးနွေးပေးရတဲ့ လူနာတွေထဲမှာ
HIV ကူးနိုင်ခြေရှိတဲ့ ထိတွေ့မှု ဖြစ်ခဲ့လို့ တိုင်ပင်ကြတဲ့သူတွေများပါတယ်။
ဆရာဝန်၊ သူနာပြုများ အပါအဝင် Foreigner တွေ၊ မြန်မာ အမျိုးသား၊ အမျိုးသမီးတွေ အစုံပါပဲ။

အားလုံးလည်း သိသင့်လို့ ရေးပေးပါဦးမယ်။

ပထမဆုံး ကတော့

ဘယ်လိုထိတွေ့ရင် ကူးနိုင်သလဲ
——————————
ကူးနိုင်ခြေရှိတဲ့ ထိတွေ့မှုကို Exposure လို့ခေါ်ပါတယ်။

American Centers for Disease Control (CDC) မှာ ဖော်ပြထားချက်အရ

သွေးထဲမှာ HIV ပိုးရှိသူနဲ့ အောက်ပါအတိုင်း လူ (၁၀၀၀၀) ထိတွေ့မှု ဖြစ်ခဲ့တယ်ဆိုပါစို့

Continue reading HIV ကူးနိုင်ခြေ ဖြစ်ပြီး ကာကွယ်ခြင်း PEP
Posted on

HIV ကြိုတင်ကာကွယ်ခြင်း PrEP

PrEP: Pre-Exposure Prophylaxis

HIV ကူးစက်နိုင်သောထိတွေ့မှုမဖြစ်မီ ကြိုတင်ကာကွယ်ထားခြင်း

ကူးစက်နိုင်ခြေဖြစ်ပြီး (၇၂) နာရီအတွင်း သောက်ရတဲ့ PEP အကြောင်းမဟုတ်ပါ။ (PEP အကြောင်းလည်း Page မှာ ရေးပေးထားပါတယ်)

▶ ဘယ်လိုလူတွေ PrEP သောက်သင့်လဲ

မကြာခင်က HIV စစ်ဆေးထားပြီး မရှိတဲ့သူဖြစ်ရပါမယ်

Continue reading HIV ကြိုတင်ကာကွယ်ခြင်း PrEP
Posted on

အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာဖြစ်ပွားနှုန်း

နှစ်စဉ်တိုင်း March လကို အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာ (Colorectal Cancer CRC) သတိထားမိအောင် လှုံ့ဆော်ပေးတဲ့လ အဖြစ် သတ်မှတ်ပါတယ်။

အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာက ကမ္ဘာပေါ်မှာ တတိယ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားဖြစ်ပါတယ်။

ကင်ဆာရောဂါကြောင့် သေဆုံးရခြင်းတွေမှာ ဒုတိယနေရာမှာ ရှိနေပြီး နှစ်စဉ် လူတစ်သန်းလောက် အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာကြောင့် သေဆုံးနေကြပါတယ်။

သင်ရောဖြစ်နိုင်သလား
—————————–

Continue reading အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာဖြစ်ပွားနှုန်း
Posted on

ဝမ်းလျှောခြင်း

ပြီးခဲ့တဲ့ အပတ်က #ဝမ်းချုပ်ခြင်း အကြောင်း ပြောပြပြီးပြီဆိုတော့ ဒီတစ်ပတ် #ဝမ်းလျှောခြင်း အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။

(၂၄) နာရီအတွင်း #ဝမ်းပျော့ပျော့ (BSFS ဝမ်းပုံစံ ၅၊ ၆၊ ၇) #သုံးကြိမ်နဲ့အထက် သွားရင် ဝမ်းလျှောတယ်လို့ သတ်မှတ်ပါတယ်။

#Acute_Diarrhoea #ရုတ်တရက်ဖြစ်သောကာလတိုဝမ်းလျှောခြင်း လို့ ဘာသာပြန်ရမယ်ထင်ပါတယ်။ ကာလတို ဆိုတဲ့အတိုင်း #(၁၄)ရက် (၂ ပတ်) မကျော်ပဲ ပျောက်ပါတယ်။ လူတိုင်းနီးပါး ဖြစ်ဖူးကြတဲ့ ဝမ်းလျှောခြင်းက ဒီအမျိုးအစားပဲ ဖြစ်ပါတယ်။

Continue reading ဝမ်းလျှောခြင်း
Posted on

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ

လူတစ်ယောက်အတွက် ပုံမှန်ဝမ်းသွားတဲ့အကြိမ်ဟာ တစ်ရက် (၃) ကြိမ်မှ၊ တစ်ပတ် (၃) ကြိမ်အတွင်း ရှိနိုင်ပါတယ်။

▶ ဘယ်လိုဆိုရင် ဝမ်းချုပ်တယ်ခေါ်လဲ

ဝမ်းနှုတ်ဆေးသောက်ဖို့မလိုပဲ တစ်ပတ်ကို (၃) ကြိမ်မှ မသွားရင်

ဝမ်းကလည်း အတုံးပုံစံ မာပြီး ဝမ်းသွားရခက်ရင် ဝမ်းချုပ်တယ်လို့ သတ်မှတ်ပါတယ်။

Continue reading ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာ
Posted on

သွေးပေနေတဲ့အပ်နဲ့ စူးမိရင်ဘာဖြစ်မလဲ


>> အသည်းရောင်အသားဝါ ဘီပိုး (Hepatitis B Virus) ပါတဲ့သွေးဆိုရင်
စူးမိသူ လူဆယ်ယောက်မှာ (၃) ယောက် ကူးစက်နိုင်ခြေရှိပါတယ်
၃၀ ရာခိုင်နှုန်း

>> အသည်းရောင်အသားဝါ စီပိုး (Hepatitis C Virus) ပါတဲ့သွေးဆိုရင်
စူးမိသူ လူတစ်ရာ မှာ (၃) ယောက် ကူးစက်နိုင်ခြေ ရှိပါတယ်
၃ ရာခိုင်နှုန်း

>> အိတ်ချ်အိုင်ဗွီပိုး (HIV) ပါတဲ့သွေးဆိုရင်
စူးမိသူ လူတစ်ထောင် မှာ (၃) ယောက် ကူးစက်နိုင်ခြေ ရှိပါတယ်
၀.၃ ရာခိုင်နှုန်း

စာဖတ်ရသူတိုင်း အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိကြပါစေခင်ဗျာ

Posted on

အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးပါ

အသိတစ်ယောက် အူမကြီးကင်ဆာဖြစ်လို့တဲ့။ စသိတဲ့အချိန်က နောက်ကျတော့ အဆုတ်နဲ့ အသည်းကို ကင်ဆာပြန့်နေပြီပြောတယ်။ ဟိုတစ်လောက ဆုံးသွားပြီ။

စိတ်မကောင်းစရာပါ။

အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာ (Colorectal Carcinoma CRC) ကို ကြိုတင်ကာကွယ်လို့ရပါတယ်။

Continue reading အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးပါ
Posted on

အူမကြီးမှန်ပြောင်းကြည့်ဖို့လိုပြီလား

ထိပ်မှာ အလင်းရောင်နဲ့ ကင်မရာပါဝင်တဲ့ လက်ညိုးအရွယ်ပိုက်ပျော့လေးကို စအိုမှတစ်ဆင့် ထည့်ကြည့်တာပါ။

(အသက် ၄၅ နှစ်ကျော်တဲ့သူတိုင်း အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးမှု ခံယူပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ဖို့ တိုက်တွန်းနေကြပါပြီ)

⚠️ အောက်ပါ အချက် (၁၇) ချက်မှာ တစ်ခုခု ရှိရင် အူမကြီးမှန်ပြောင်းကြည့်ဖို့လိုအပ်ပါတယ်။

Continue reading အူမကြီးမှန်ပြောင်းကြည့်ဖို့လိုပြီလား