HIV ရောဂါအတွက် သင့်တော်တဲ့ ART ဆေး ပုံမှန်သောက်ရင် သွေးထဲမှာရှိတဲ့ ပိုးကိုသတ်နိုင်တယ် ပြန်မပွားအောင် ထိန်းနိုင်တယ်။ ဒါကြောင့် ဆေးပုံမှန်သောက်နေသူအများစုကို သွေးစစ်ကြည့်ရင် ပိုးမတွေ့တော့ဘူး။
သွေးထဲမှာ ပိုးမတွေ့တော့ရင် သူ့ဆီကနေ တခြားလူကို HIV ကူးနိုင်ခြေ မရှိသလောက် နည်းသွားတယ်။
ဆေးဆက်သောက်နေဖို့တော့ လိုတယ်။
ဆေးရပ်လိုက်ရင် ပိုးပြန်ပွားလာနိုင်ပါတယ်။
ဆေးဆက်မသောက်ပဲ HIV အရှင်းပျောက်နိုင်သလား
မပျောက်နိုင်သေးပါဘူး
HIV အရှင်းပျောက်သွားတဲ့ လူနာ ကမ္ဘာပေါ်မှာ ၂ ယောက်တော့ ရှိပါတယ်။
သွေးကင်ဆာရောဂါကို ရိုးတွင်းချင်ဆီ အစားထိုးကုသရာမှ တွဲရှိနေတဲ့ HIV ရောဂါ ပျောက်သွားတာပါ။
၂၀၀၇ ခုနှစ်မှာ ဂျာမဏီနိုင်ငံ ဘာလင်မြို့က လူနာ (Berlin patient)
၂၀၁၆ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က လူနာ (London patient) တို့ဖြစ်ပါတယ်။
သူတို့ကို အစားထိုးလဲလှယ်ကုသပေးခဲ့တဲ့ ရိုးတွင်းချင်ဆီကလည်း ထူးခြားမှုရှိပါတယ်။
HIV ပိုးက ရောဂါခုခံရေးမှာအရေးကြီးတဲ့ သွေးဖြူဥထဲ ဝင်ရောက်ဖို့ သွေးဖြူဥမျက်နှာပြင်မှ CCR5-Δ32 ဆိုတဲ့ အသားဓာတ်တစ်မျိုးနဲ့ ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒိ အသားဓာတ်က မျိုးရိုးဗီဇပြောင်းနေရင် HIV ပိုး မဝင်ရောက်နိုင်တော့ပါဘူး။ ဗီဇပြောင်း သွေးဖြူဥထုတ်ပေးမဲ့ ရိုးတွင်းချင်ဆီနဲ့ အစားထိုးပေးလိုက်လို့ HIV ပျောက်သွားတာပါ။
ဗီဇပြောင်းသွေးဖြူဥ လှူဒါန်းပေးနိုင်မဲ့ လူများများ မရှိသလို HIV ရှိရုံနဲ့ ရိုးတွင်းချင်ဆီအစားထိုးကုသဖို့လည်း လက်ရှိအနေအထားအရ မဖြစ်နိုင်သလောက်ပါပဲ။
ဘာလို့ဒါကိုရှင်းပြသလဲ
ဆေးဆက်သောက်နေဖို့ မလိုပဲ HIV ပျောက်အောင် ကုပေးမယ်ဆိုတာ သတင်းအမှားတွေဖြစ်ကြောင်း သိစေချင်လို့ပါ။
စိတ်ဓာတ်ကျစရာတော့ မလိုပါ။
ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ
ရောဂါနောက်မကျမီ အချိန်မီကုသမှုခံယူပါ
သင့်တော်တဲ့ ART ဆေး တစ်လုံး သို့မဟုတ် နှစ်လုံး နေ့စဉ် ပုံမှန်သောက်ရင် လူကောင်းတစ်ယောက်လို နေနိုင်ပါလိမ့်မယ်။
ရေရှည်သောက်ဖို့ အာနိသင်ကောင်းပြီး ဘေးထွက်ဆိုးကျိုး နည်းတဲ့ ART ဆေးအတွဲကတော့
Dolutegravir 50 mg + TAF 25 mg + Emtricitabine 200 mg အတွဲဖြစ်ပါတယ်။
Dolutegravir ပါဝင်လို့ အာနိသင် ပိုကောင်းပါတယ်။
TAF ဖြစ်လို့ ဘေးထွက်ဆိုးကျိုး နည်းပါတယ်။
ဝယ်သောက်မယ်ဆိုရင် တစ်ရက်စာ ဆေးတစ်လုံးတည်း KOCITAF, DOMTAF နာမည်တွေနဲ့ ရနိုင်ပါတယ်
ဆေးတစ်လစာကို ၉သောင်းကျော်မှ တစ်သိန်းပတ်ဝန်းကျင်လောက် ရှိပါတယ်။
Dolutegravir 50 mg + TDF 300 mg +
Lamivudine 300 mg ပါဝင်တဲ့ ဆေးတွေကလည်း ဒုတိယ ဦးစားပေး သုံးနိုင်ပါတယ်။
TDF ပါတာမို့လို့ ရေရှည်သောက်ရင် ကျောက်ကပ်အားနည်းခြင်း၊ အရိုးပွခြင်း ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းကျော်လောက် ရှိပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပုံမှန်တိုင်ပင်ပြီး အနည်းဆုံး ၆ လ တစ်ခါလောက် စစ်ဆေးမှု ပြုလုပ်ရပါမယ်။
ဆေးအခမဲ့ ပေးနိုင်တဲ့ ဆေးရုံနဲ့ စင်တာ တစ်ချို့မှာ ပေးနေတာကို တွေ့ရပါတယ်။ ကောင်းပါတယ်။
ဝယ်သောက်မယ်ဆိုရင် ဆေးတစ်လုံးတည်း ACRIPTEGA, DLT နာမည်နဲ့ ရနိုင်ပါတယ်
ဆေးတစ်လစာကို ၇ သောင်းကျော်မှ တစ်သိန်းပတ်ဝန်းကျင်လောက် ရှိပါတယ်။
တစ်ရက်စာ ဆေးနှစ်လုံးဆိုရင် Dolutegravir + RICOVIR EM နာမည်နဲ့ရနိုင်ပါတယ်။
ဆေးတစ်လစာကို တစ်သိန်းခွဲဝန်းကျင်လောက်ရှိပါတယ်။
ကုန်ကျစားရိတ်သက်သာလို့ ဆေးအခမဲ့ပေးနိုင်တဲ့ ဆေးရုံနဲ့ စင်တာ အများစုမှာ ပေးနေတာကတော့
Tenofovir DF 300 mg + Lamivudine 300 mg or Emtricitabine 200 mg + Efavirenz 400 mg or 600 mg ဆေးအတွဲဖြစ်ပါတယ်။
HIV လူနာအများစု သောက်နေကြတဲ့ ဆေးအတွဲ ဖြစ်ပါတယ်။
အပေါ်အုပ်စု ၂ ခုနဲ့ ယှဉ်ရင်တော့ ဘေးထွက်ဆိုးကျိုး နည်းနည်းပိုပါတယ်။
TDF ပါတာမို့လို့ ရေရှည်သောက်ရင် ကျောက်ကပ်အားနည်းခြင်း၊ အရိုးပွခြင်း ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းကျော်လောက် ရှိပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပုံမှန်တိုင်ပင်ပြီး အနည်းဆုံး ၆ လ တစ်ခါလောက် စစ်ဆေးမှု ပြုလုပ်ရပါမယ်။
Efavirenz ပါလို့ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း ဖြစ်နိုင်ပါတယ်။
ဝယ်သောက်မယ်ဆိုရင်
TEE အတွဲကို
Viraday, Trustiva, Oditec နာမည်နဲ့ ရနိုင်ပါတယ်။
ဆေးတစ်လစာကို ၆ သောင်းကျော်မှ တစ်သိန်းဝန်းကျင်လောက် ရှိပါတယ်။
TLE အတွဲကို
AVONZA, Eletec နာမည်နဲ့ ရနိုင်ပါတယ်။
ဆေးတစ်လစာကို ၇ သောင်းဝန်းကျင်လောက် ရှိပါတယ်။
ဆေးပုံမှန်သောက်နေရုံနဲ့ မလုံလောက်ပါ။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ အနည်းဆုံး တစ်နှစ်တစ်ခါတော့ တိုင်ပင်ပါ။
Viral load ပိုးကောင်ရေ၊ CD4 count အနည်းဆုံး တစ်နှစ်တစ်ခါတော့ စစ်သင့်ပါတယ်။ တခြားစစ်ဖို့လိုတာတွေလည်း ရှိပါတယ်။
HIV နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ဗဟုသုတ တိုးပွားပြီး ကျန်းမာပျော်ရွင်ပါစေ။
ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
————————————-
ကျွမ်းကျင်တဲ့သမားတော်နဲ့ တိုင်ပင်လိုရင်
ဆရာဝန်ညွှန်ကြားချက်နဲ့
ART or PEP ဆေး ဝယ်ယူလိုရင်
ငြိမ်းဆေးခန်းနှင့်ဆေးဆိုင်
အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း၊ ရန်ကုန်
Phone & Viber 09977273420 ကို ဆက်သွယ်နိုင်ပါတယ်
သိချင်တာရှိရင် ကွန်မန့်မှာ မေးသွားနိုင်ပါတယ်။ မိတ်ဆွေတွေသိနိုင်အောင်လည်း မျှဝေနိုင်ပါတယ်။