Posted on

အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်ခြင်း

Functional Dyspepsia ကို အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်ခြင်းရောဂါလို့ မြန်မာပြန်ရင် သင့်တော်ပါမယ်။ တော်တော် အဖြစ်များတဲ့ ဗိုက်အောင့်ရောဂါတစ်မျိုးပါ။

⚛ ဘယ်လောက်အဖြစ်များလဲ
နာတာရှည် (၃ လကျော်) ဗိုက်မကြာခဏအောင့်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဒီရောဂါကြောင့် ဖြစ်တာ တွေ့ရပါတယ်။
လူတစ်ရာမှာ ၇ ယောက်လောက် ခံစားနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်

⚛ ရောဂါသဘော
အစာအိမ်ရောင်ရမ်းခြင်း၊ ပွန်းပဲ့ခြင်း၊ အနာဖြစ်ခြင်း ကဲ့သို့ Organic ပြဿနာ မရှိပဲ ဗိုက်အောင့်တဲ့ ရောဂါမို့လို့ Functional Dyspepsia လို့ ခေါ်တာပါ။ Non-Ulcer Dyspepsia လို့လဲ သိကြပါတယ်။
စားလိုက်ရင် ပုံမှန် အစာအိမ်က ချဲ့ပေးပြီး အစာကိုလက်ခံ ချေဖျက်ပေးဖို့ လုပ်တယ်။
ဒီရောဂါမှာ အစာအိမ်ရဲ့တုံ့ပြန်မှုမမှန်ဘူး ချဲ့ပေးသင့်တာကို ချဲ့မပေးဘူး၊ အစာချေဖျက် စီးဆင်းမှုလည်း နှေးသွားတတ်တယ်။
အစာအိမ်ချဲ့ပေးတာကိုလည်း Sensitive ဖြစ်ပြီး အောင့်သလို ခံစားရစေတယ်။
မတည့်တဲ့ အစားအသောက်တစ်ချို့ စားမိရင်လည်း အစာအိမ်တုံ့ပြန်မှုလွန်ကဲလို့ ဗိုက်အောင့်တယ်။
စိတ်ပူပန်လွန်းခြင်း၊ စိတ်ဓာတ်ကျခြင်း ပြဿနာတွေကြောင့်လည်း အစာအိမ်တုံ့ပြန်မှုမမှန် ဖြစ်တယ်။

⚛ လက္ခဏာ

Continue reading အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်ခြင်း
Posted on

အစာအိမ်ပိုး ရှိနေသလား

ဝမ်းဗိုက်အပေါ်ပိုင်းမကြာခဏ အောင့်တတ်သလား
အစာအိမ်ပိုးစစ်ဖူးသလား
ဦးစားပေး စစ်ရမဲ့ စစ်ဆေးမှုဖြစ်ပါတယ်

၁။ ဝမ်း စစ်ဆေးခြင်း
၂။ Urea ဆေးသောက်ပြီးပါးစပ်မှရှုထုတ်သောလေကို စစ်ဆေးခြင်း
၃။ အစာအိမ်မှန်ပြောင်းကြည့်စဉ် အသားစယူ စစ်ဆေးခြင်း ဆိုပြီး အဓိက စစ်ဆေးနည်း သုံးမျိုးရှိပါတယ်။ သွေးစစ်တဲ့အဖြေက မတိကျပါ။

အဖြေမှန်ဖို့အတွက် ပိုးရှိမရှိ မစစ်ဆေးမီ

Continue reading အစာအိမ်ပိုး ရှိနေသလား
Posted on

နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ ကုသနည်း

မုန့်ချိုအိတ်ဆိုတာ ဘာလဲ၊ ရုတ်တရက် မုန့်ချိုအိတ်ရောင်ရောဂါအကြောင်းနဲ့ နာတာရှည်မုန့်ချိုအိတ်ရောင်ရောဂါအကြောင်းတွေကို ကျွန်တော် ရေးပေးထားတာရှိပါတယ်။
မဖတ်ရသေးရင် ဖတ်ကြည့်နိုင်ပါတယ်။

ရုတ်တရက်မုန့်ချိုအိတ်ရောင်ရောဂါ အကြောင်း ဒီလင့်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။
https://drnyein.com/acute-pancreatitis/#more-495

နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါအကြောင်းနဲ့ စစ်ဆေးနည်းတွေ အကြောင်း ဒီလင့်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။
https://drnyein.com/chronic-pancreatitis/#more-499

ဒီတစ်ခါတော့ နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ ကုသနည်းအကြောင်း ဆွေးနွေးပေးပါမယ်။

အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ပြပြီး စနစ်တကျ ကုသရမဲ့ ပြဿနာတွေဖြစ်ပါတယ်။

⁕ ရောဂါသေချာအောင်လုပ်ပါ
နာတာရှည်မုန့်ချိုအိတ်ရောင်ရောဂါနဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့်လား၊ တခြားရောဂါကြောင့်လားဆိုတာ သံသယရှိရင် သေချာသိအောင် CT ဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန် MRI/MRCP ရိုက်ပြီးမှ ကုသမှု စသင့်ပါတယ်။

Continue reading နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ ကုသနည်း
Posted on

နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ

⁕ မုန့်ချိုအိတ်ဆိုတာဘာလဲ

မုန့်ချိုအိတ်ဆိုတာ ဝမ်းဗိုက်အပေါ်ပိုင်း အစာအိမ်ရဲ့နောက်မှာ ကန့်လန့်ရှိနေတဲ့ ၆ လက်မ ဝန်းကျင် ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ဆီးချိုဓာတ်ကို ပုံမှန်တွင်းဖြစ်နေအောင် ထိန်းပေးတဲ့ အင်ဆူလင် ဟော်မုန်းထွက်တဲ့အပြင် အစာချေဖျက်ဖို့ အင်ဇိုင်းတွေ ထုတ်ပေးတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

⁕ ဘာကြောင့် မုန့်ချိုအိတ်ရောင်ရောဂါ နာတာရှည် ဖြစ်နေတာလဲ

အရင်အပတ်က ပြောပြခဲ့တဲ့ ရုတ်တရက်/ခဏတာ မုန့်ချိုအိတ်ရောင်ခြင်းဖြစ်ရင် (၈၀) ရာခိုင်နှုန်းလောက်က နှစ်ပတ်လောက်အတွင်း ပြန်ကောင်းလေ့ရှိပါတယ်။ မုန့်ချိုအိတ်ရောင်စေတဲ့ အကြောင်းတွေကို ဆက်လုပ်နေရင် သို့မဟုတ် မကုသရင် ရုတ်တရက် မုန့်ချိုအိတ်ရောင်ခြင်းပြဿနာ မကြာခဏ ပြန်ဖြစ်နေပါလိမ့်မယ်။ ဖြစ်ပါများရင် မုန့်ချိုအိတ်ရောင်ခြင်းက အရှင်းမပျောက်တော့ပဲ နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ အဖြစ် ပြောင်းလဲလာပါတယ်။

Continue reading နာတာရှည် မုန့်ချိုအိတ်ရောင်ရောဂါ
Posted on

မုန့်ချိုအိတ်ရောင်ခြင်း

⁕ မုန့်ချိုအိတ်ဆိုတာဘာလဲ

မုန့်ချိုအိတ်ဆိုတာ ဝမ်းဗိုက်အပေါ်ပိုင်း အစာအိမ်ရဲ့နောက်မှာ ကန့်လန့်ရှိနေတဲ့ ၆ လက်မ ဝန်းကျင် ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ဆီးချိုဓာတ်ကို ပုံမှန်တွင်းဖြစ်နေအောင် ထိန်းပေးတဲ့ အင်ဆူလင် ဟော်မုန်းထွက်တဲ့အပြင် အစာချေဖျက်ဖို့ အင်ဇိုင်းတွေ ထုတ်ပေးတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

⁕ မုန့်ချိုအိတ်ရောင်ခြင်းဘာကြောင့်ဖြစ်တာလဲ

သည်းခြေအိတ်ကျောက်ရွေ့လျားမှုကြောင့် လမ်းကြောင်းပိတ်ခြင်းနဲ့ အရက်သောက်များခြင်း အကြောင်းနှစ်ခုကြောင့် မုန့်ချိုအိတ်ရောင်တာ များပါတယ်။ သွေးတွင်းအဆီဓာတ်တစ်မျိုး များလွန်းရင်လည်း မုန့်ချိုအိတ်ရောင်တတ်ပါတယ်။

⁕ ဘာလက္ခဏာပြလဲ

Continue reading မုန့်ချိုအိတ်ရောင်ခြင်း
Posted on

အစားအသောက်အချိန်မှန်စားပါ

❝ ဘယ်အချိန်စားသလဲဆိုတာ ဘာစားသလဲဆိုတာလိုပဲ အရေးကြီးတယ် ❞

မနက်စာမစားဘူး သို့မဟုတ် တော်တော်နောက်ကျမှ စားတတ်တဲ့ အကျင့်ရှိသူတွေဟာ သူတို့ အသက်ကြီးလာတဲ့အခါ စိတ်ဓာတ်ကျရောဂါကဲ့သို့ စိတ်ရောဂါတွေ အဖြစ်များတာကို တွေ့ရပါတယ်။ ☹

စားသောက်မှုပုံစံကြောင့် ရောဂါဖြစ်နိုင်ခြေရှိသလို၊ ရောဂါရှိနေလို့လည်း စားသောက်မှုပုံစံပြောင်းနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နေ့စဉ်အချိန်မှန် သင့်လျော်တဲ့ အစားသောက်ကို သင့်တင့်တဲ့ ပမာဏ စားသောက်ခြင်းကတော့ သင့်ကျန်းမာရေးအတွက် ကောင်းပါတယ်။

Posted on

အိပ်လို့မပျော်ဘူး

သူ့ဖာသာသက်သာသွားမည့် အမျိုးအစား

စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်တဲ့ အမျိုးအစား

တစ်ချို့ရောဂါတွေကြောင့် ဖြစ်တဲ့ အမျိုးအစား ဆိုပြီး အကြမ်းဖျင်း ခွဲခြားနိုင်ပါတယ်။

ညဘက်အိပ်မပျော်ဘူးဆိုရင် အရင်ဆုံးပြုလုပ်သင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ရှိပါတယ်။

Continue reading အိပ်လို့မပျော်ဘူး
Posted on

COVID-19 ရောဂါကူးစက်ပုံ

❝ လူတစ်ဦးမှတစ်ဦးသို့ ❞

ကူးစက်ခံရသူတစ်ဦးမှ တခြားတစ်ဦးသို့ ပျံ့နှံ့ကူးစက်ခြင်းသည် ဗိုင်းရပ်စ်ကူးစက်သည့် အဓိကနည်းလမ်းဖြစ်သည်။

¤ ရောဂါရှိသူနှင့် (၆) ပေထက် နီးကပ်စွာ ရှိခြင်း

¤ ရောဂါရှိသူ ချောင်းဆိုးနှာချေရာတွင် အသက်ရှုလမ်းကြောင်းမှ ထွက်လာသော အမှုန်အမွှားများမှ ကူးစက်ခြင်း

ရောဂါရှိပြီး ချောင်းဆိုး၊ နှာချေသူနှင့် (၆) ပေအကွာအဝေးအတွင်းရှိသူများသည် ထိုအမှုန်အမွှားများ ပါးစပ်၊ နှာခေါင်းအတွင်းဝင်လာ၍သော်လည်းကောင်း၊ အဆုတ်အတွင်းရှုသွင်းမိ၍ သော်လည်းကောင်း ကူးစက်ခံရနိုင်ပါသည်။

Continue reading COVID-19 ရောဂါကူးစက်ပုံ