န
အစာအိမ်ပိုးကြောင့်
အစာအိမ်နဲ့အူသိမ်ရောင်ခြင်း၊ ပွန်းခြင်း၊ အနာဖြစ်ခြင်းကို မကြာခဏဖြစ်စေနိုင်တယ်။
ရှိနေတာကို မကုပဲထားရင် ကြာရင် အစာအိမ်ကင်ဆာဖြစ်လာနိုင်ခြေရှိတယ်။
Stool H. pylori Antigen ဝမ်းစစ်ဆေးခြင်း၊ မှန်ပြောင်းကြည့်ချိန်မှာ အသားစယူပြီး Rapid Urease Test စစ်ဆေးခြင်း၊ Urea Breath Test လေမှုတ်စစ်ဆေးခြင်းအားဖြင့် ပိုးရှိနေတာကို သိနိုင်ပါတယ်။
ပိုးရှိနေရင် တစ်ကမ္ဘာလုံး သဘောတူလက်ခံထားတဲ့ အာနိသင်ထိရောက်တာ သေချာတဲ့ ပိုးသတ်ဆေးနဲ့အစာအိမ်အက်ဆစ်ထိန်းဆေးတွေသုံးပြီး အနည်းဆုံး နှစ်ပတ် စနစ်တကျ ကုသပေးရပါတယ်။
Readymade combination ဆေးတွေက လိုအပ်တဲ့ ဆေးနဲ့ဆေးပမာဏပါဝင်မှု မလုံလောက်တာ တွေ့ရပါတယ်။
ကမ္ဘာ့အထင်ကရ Guideline တွေနဲ့လည်း ကိုက်ညီပြီး
မကြာသေးခင်က ကျွန်တော်တို့ Myanmar GI & Liver Society က ပြုစုထုတ်ဝေထားတဲ့ Consensus မှာလည်း ဖော်ပြထားတဲ့ ဆေးအတွဲ နှစ်မျိုးရှိပါတယ်။
ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ညွှန်ကြားချက်ရမှ စသောက်ပါ။
Bismuth Quadruple Therapy (BQT)
————————————-
ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးပိုများပေမဲ့ အရှင်းပျောက်နိုင်ခြေ ရာခိုင်နှုန်းပိုများလို့ အသုံးများတယ်။ နှစ်ပတ်သောက်ရပါတယ်။
Bismuth subsalicylate 300 mg တစ်ရက် (၄) ကြိမ်
(မြန်မာနိုင်ငံမှာ Besmal နာမည်နဲ့ 524 mg ပါတယ် တစ်လုံး (၄) ကြိမ်ပေးတယ်၊ Bismol နာမည်နဲ့ 265 mg၊ Gastrobiz နာမည်နဲ့ 262 mg ပါတယ် နှစ်လုံး (၄) ကြိမ်ပေးတယ်)
Tetracycline 500 mg တစ်ရက် (၄) ကြိမ်
Metronidazole 500 mg တစ်ရက် (၃) ကြိမ်
(200 mg ပဲပါတာများတော့ နှစ်လုံး (၄) ကြိမ်ပေးလိုက်တာ အဆင်ပြေတယ်၊ တခြား Guidelines တွေမှာတော့ တစ်ရက် အနည်းဆုံး 1500 mg ပေးဖို့ တိုက်တွန်းတယ်)
Rabeprazole 20 mg or Esomeprazole 20 mg or Omeprazole 40 mg တစ်ရက် (၂) ကြိမ်
(Pantoprazole ဆိုရင်တော့ 80-120 mg တစ်ရက် (၂) ကြိမ်လောက်ထိလိုမယ်)
Non-Bismuth Quadruple Therapy (NBQT)
————————————-
နှစ်ပတ်သောက်ရပါတယ်။ အများစုတော့ ပျောက်ကြတယ်၊ ဒီဆေးအတွဲနဲ့ မပျောက်တဲ့ အစာအိမ်ပိုးရှိသူ (၁၀) ရာခိုင်နှုန်းကျော်ရှိနိုင်တယ်။ မပျောက်ရင် အပေါ်မှာ ပြောခဲ့တဲ့ BQT ဆေးအတွဲကို ထပ်သောက်ရမယ်။
Amoxicillin 1000 mg တစ်ရက် (၂) ကြိမ်
Metronidazole or Tinidazole 500 mg တစ်ရက် (၂) ကြိမ်
(Tinidazole မရရင် Metro 200 mg တွေဆိုတော့ တစ်လုံးခွဲ နှစ်ကြိမ် သောက်ရဖို့များတယ်)
Clarithromycin 500 mg တစ်ရက် (၂) ကြိမ်
(မြန်မာအပါအဝင်အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အစာအိမ်ပိုးသည် Clarithromycin ဆေးနဲ့မတိုးတော့တာ (၁၅-၂၀) ရာခိုင်နှုန်းကျော်တွေ့လာရပါတယ်၊ ဒီဆေးအတွဲနဲ့ ကုသမှု မအောင်မြင်ခြင်းရဲ့ အဓိကအချက်လည်း ဖြစ်ပါတယ်)
Rabeprazole 20 mg or Esomeprazole 20 mg or Omeprazole 40 mg တစ်ရက် (၂) ကြိမ်
(Pantoprazole ဆိုရင်တော့ 80-120 mg တစ်ရက် (၂) ကြိမ်လောက်ထိလိုမယ်)
ဆေးတွေပြင်းလို့ ဘေးထွက်ဆိုးကျိုးများပေမဲ့ အစာအိမ်ပိုးက ပေးတဲ့ ပြဿနာတွေကလည်း များလို့ သည်းခံပြီး သောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။
ဆေးသောက်ပြီး အရှင်းပျောက်ပြီလားဆိုတာ သိရဖို့ ဆေးရပ်ပြီး အနည်းဆုံး တစ်လလောက်အကြာမှာ Stool H. pylori Antigen ဝမ်းစစ်ဆေးခြင်း၊ Urea Breath Test လေမှုတ်စစ်ဆေးခြင်းအားဖြင့် စစ်ကြည့်ရပါမယ်။
အစာအိမ်အနာရှိလို့ တစ်လကျော်ရင် မှန်ပြောင်းပြန်ကြည့်သင့်တဲ့ လူနာတွေမှာ အသားစယူပြီး Rapid Urease Test စစ်ဆေးခြင်းလည်း လုပ်နိုင်ပါတယ်။
References
1. Chey WD et al. ACG Guideline. Am J Gastroenterol. 2024.
2. MGLS writing group. Myanmar Consensus. 2024
ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်
ကျန်းမာပျော်ရွင်ကြပါစေ
ဆရာဝန် ဆရာ/ဆရာမများနှင့် လူနာများအနေနဲ့ အစာအိမ်ပိုးသတ်ဆေးအပါအဝင် အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ်ရောဂါ ကုသဆေးများ လိုအပ်ရင် ဆက်သွယ် မှာယူနိုင်ပါတယ်။ Myanmar Registered ဆေးတွေပါ။ မြို့တော်တော်များများ Cash on delivery ရပါတယ်။
ငြိမ်းဆေးခန်း (ရန်ကုန်)
Phone & Viber 09977273420