Posted on

အစာအိမ်ပိုး ရှိနေသလား

ဝမ်းဗိုက်အပေါ်ပိုင်းမကြာခဏ အောင့်တတ်သလား
အစာအိမ်ပိုးစစ်ဖူးသလား
ဦးစားပေး စစ်ရမဲ့ စစ်ဆေးမှုဖြစ်ပါတယ်

၁။ ဝမ်း စစ်ဆေးခြင်း
၂။ Urea ဆေးသောက်ပြီးပါးစပ်မှရှုထုတ်သောလေကို စစ်ဆေးခြင်း
၃။ အစာအိမ်မှန်ပြောင်းကြည့်စဉ် အသားစယူ စစ်ဆေးခြင်း ဆိုပြီး အဓိက စစ်ဆေးနည်း သုံးမျိုးရှိပါတယ်။ သွေးစစ်တဲ့အဖြေက မတိကျပါ။

အဖြေမှန်ဖို့အတွက် ပိုးရှိမရှိ မစစ်ဆေးမီ


Omeprazole, Pantoprazole, Esomeprazole, Lansoprazole, Rabeprazole စတဲ့ ဆေးတွေကို အနည်းဆုံး (၂) ပတ် ရပ်ထားရပါမယ်
ပိုးသတ်ဆေးအမျိုးမျိုးနဲ့ Bismuth ဆေး ကို အနည်းဆုံး (၄) ပတ် ရပ်ထားရပါမယ်
အဲ့လို သေချာ မရပ်ထားပဲ စစ်ရင် ပိုးရှိရင်လည်း အဖြေမှားပြီး မရှိဘူး ပြပါတယ်။

အစာအိမ်ပိုးကြောင့် အစာအိမ်နဲ့အူရောင်ခြင်း၊ အနာဖြစ်ခြင်း၊ အစာအိမ်ကင်ဆာဖြစ်ခြင်း ပြဿနာတွေများလို့ ပိုးရှိမှန်းသိရင် အရှင်းပျောက်အောင် ကုသရပါမယ်၊ (၂) ပတ်ကုသရင် လုံလောက်ပါတယ်။
အနည်းဆုံး ဆေး (၃) မျိုးပါတဲ့ (၂) ပတ်စာ ကုသမှုကုန်ကျစားရိတ်က ငါးသောင်းကျော်လောက် ရှိပါတယ်

ကုသမှုစလုပ်ပြီး အနည်းဆုံး (၆) ပတ်အကြာမှာ ပိုးအရှင်းပျောက်ပြီလား ပြန်စစ်ရပါမယ်။
ကုဖူးတဲ့ လူနာတွေ အများစုက ပြန်မစစ်ထားကြဘူး
ပြန်စစ်ဖို့ အရေးကြီးပါတယ်။
ပြန်စစ်ကြည့်လိုက်ရင် ပိုးအရှင်းမပျောက်တဲ့ လူနာတွေရှိပါတယ်။
ဆေးအတွဲ နောက်တစ်မျိုးပြောင်းပြီး ထပ်ကုရပါတယ်။

ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

ကျွမ်းကျင်တဲ့ သမားတော်နဲ့ ဖုန်း သို့မဟုတ် Viber call မှတစ်ဆင့် တိုင်ပင် ဆွေးနွေးချင်ရင်ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
ဆေးဝယ်ထားချင်တဲ့ ဆရာဝန် ဆရာ/ဆရာမများလည်း ဆက်သွယ်နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတတိုးပြီး အစာအိမ်ပိုးအန္တရာယ်ကင်းဝေးကြပါစေ