Posted on

အိပ်လို့မပျော်ဘူး

သူ့ဖာသာသက်သာသွားမည့် အမျိုးအစား

စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်တဲ့ အမျိုးအစား

တစ်ချို့ရောဂါတွေကြောင့် ဖြစ်တဲ့ အမျိုးအစား ဆိုပြီး အကြမ်းဖျင်း ခွဲခြားနိုင်ပါတယ်။

ညဘက်အိပ်မပျော်ဘူးဆိုရင် အရင်ဆုံးပြုလုပ်သင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ရှိပါတယ်။

၁။ နေ့လယ်ဘက်တွေ မအိပ်ပါနဲ့

၂။ အိပ်ချင်နေရင်တောင် ညနေဘက်တွေ မအိပ်ပါနဲ့

၃။ ပုံမှန် အိပ်ရာဝင်ချိန် အကျင့်လုပ်ပါ

၄။ ဖြစ်နိုင်ရင် အိပ်ဖို့အတွက် အခန်းသပ်သပ်ထားပါ

(အိပ်ခန်းထဲမှာ စားသောက်ခြင်း အလုပ်လုပ်ခြင်း မလုပ်ပါနဲ့)

၅။ ကော်ဖီ (ကဖင်း) ၊ဆေးလိပ် (နီကိုတင်း) နဲ့ အရက် (အယ်လ်ကိုဟော) တွေ လျှော့ပါ

၆။ ညနက်မှ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့

(လိင်ဆက်ဆံမှုကတော့ အိပ်ပျော်ဖို့ အထောက်အကူပြုပါတယ်)

၇။ ငြိမ့်ညောင်းတဲ့တေးသံတွေ အကြောအခြင်ပြေလျော့စေတဲ့ နည်းလမ်းတွေကတော့ အိပ်ပျော်ဖို့ အထောက်အကူပြုပါတယ်

၈။ ကောင်းကောင်းအိပ်ပျော်လား မပျော်ဘူးလား သေချာသိရအောင် ဒိုင်ယာရီလိုမျိုး ရေးမှတ်ထားပါ

** အိပ်ဆေးတွေက စွဲလမ်းတတ်တယ်၊ နေ့ဘက်တွေပါ အိပ်ချင်မူးတူး ဖြစ်စေနိုင်တယ်၊ မော်တော်ယာဉ်နဲ့ စက်ပစ္စည်းတွေ ကိုင်တွယ် မောင်းနှင်ရာမှာ အခက်အခဲရှိနိုင်တယ်၊ ဆေးရပ်လိုက်ရင် အိပ်မပျော် ဖြစ်တတ်တယ် ** စတဲ့အချက်တွေကြောင့် ဆရာဝန်တွေက တကယ်လိုအပ်မှ ရက်အနည်းငယ်သာ ပေးသင့်တယ်။

အိပ်မပျော်တဲ့ဝေဒနာကို လွန်မြောက်နိုင်ကြပါစေ

#HappyHealthy