Posted on

Price is your choice

ကျွန်တော် လူနာတွေကို ဆေးရေးပေးတဲ့အခါတိုင်း စဉ်းစားမိလေ့ရှိတယ်။ ဆေးတစ်မျိုးတည်းကို ရနိုင်တဲ့ Brand အမျိုးမျိုး ဈေးအမျိုးမျိုးရှိကြောင်း သူတို့အတွက် ရေရှည်အဆင်ပြေပြေ သောက်နိုင်မဲ့ တစ်မျိုးကို ရွေးနိုင်ကြောင်း ရွေးချယ်ခွင့် ပေးချင်မိတယ်။

တွေးကြည့်ရင် စားဝတ်နေရေးအတွက် အိမ်၊ ကား၊ ဖုန်း၊ အစားသောက် စသည်ဖြင့် item အမျိုးမျိုးကို မိမိ တတ်နိုင်တဲ့ သင့်တော်တဲ့ အမျိုးအစား ရွေးချယ်ခွင့် ရှိနေပေမဲ့ ဆေးတွေကို အဲ့လို ရွေးချယ်စရာ ချပြလေ့ သိပ်မရှိဘူး။

အာနိသင်လည်း သိပ်မကွာလောက်ဘူး ရွေးချယ်စရာလည်း ရှိတယ်ဆိုရင် ကျန်းမာရေးအတွက် ညွှန်ကြားတဲ့ ဆေးတွေကို မိမိနှစ်သက်ရာ Brand ရွေးချယ် သောက်သုံးကြမှာ သေချာတယ်။

ချမ်းသာတဲ့သူကလည်း ချမ်းသာတဲ့အလျှောက်၊ ငွေကြေးချင့်ချိန်ရတဲ့ သူတွေလည်း ချင့်ချိန်ရတဲ့အလျှောက်ပေါ့။

ကျွန်တော်သာ ဆေးနဲ့ဆေးပစ္စည်းတွေ ရောင်းချပေးဖြစ်ခဲ့ရင် အာနိသင်သိပ်မကွာတဲ့ဆေးတွေကို

ဈေးသက်သာ

ဈေးသင့်တင့်

ဈေးကောင်း

ဆိုပြီး အုပ်စု ၃ စုလောက် ချပြပေးမယ် ရွေးချယ်စေမယ်လို့ တွေးထားခဲ့တယ်။

ခုဆိုရင် လိုအပ်တဲ့ဆေးတွေကို အဲ့လို ရွေးချယ်ဝယ်ယူနိုင်ဖို့

facebook.com/drnyeinclinic Page မှာ ဈေးနှုန်းနဲ့တကွ ဖော်ပြပေးထားပါတယ်။

ဆေးတွေ စုံစုံလင်လင်ရနိုင်အောင်လည်း ထပ်ထပ်ပြီး ချိတ်ဆက်ပေးနေပါတယ်။

ဈေးနှုန်း Update တွေကိုလည်း အပတ်စဉ်နီးပါး တင်ပေးနေမှာမို့လို့ လာကြည့်နိုင်ကြောင်း သတင်းကောင်းပါး ပါရစေ။

ဆေးတစ်မျိုးတည်းကို နာမည်အမျိုးမျိုး ဈေးနှုန်းအမျိုးမျိုးနဲ့ ရနိုင်တာတွေ့ရပါလိမ့်မယ်။ အကြမ်းဖျင်းအားဖြင့် ပုံမှန်သောက်နေကျဆေးကို သောက်တာက ကောင်းပါတယ်။ ဈေးသက်သာကို သောက်ချင်ရင်ဖြစ်စေ ဈေးကောင်းတာကို သောက်ချင်ရင်ဖြစ်စေ ပြောင်းသောက်လို့တော့ ရပါတယ်။ အရေးအကြီးဆုံးကတော့ ဆေးပုံမှန် သောက်ပြီး ဆရာဝန်နဲ့ လိုအပ်သလို ပုံမှန် ပြန်ပြနေဖို့ ဖြစ်ပါတယ်။

ကျန်းမာပျော်ရွင်ကြပါစေ

Nyein Clinic ငြိမ်းဆေးခန်းနှင့်ဆေးဆိုင်
အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း
09 977 273420

Google Map Address
https://maps.app.goo.gl/P3yemByf13akWeJ29