Posted on

COVID-19 ကာကွယ်ဆေးများ

⇰ ကိုဗစ်ကာကွယ်ဆေး

မထိုးရသေးတဲ့သူတွေ ထိုးကိုထိုးသင့်ပါတယ်

ကာကွယ်ဆေးထိုးထားရင် လူအများစုမှာ ရောဂါမဖြစ်အောင်တားပေးနိုင်ပါတယ်။ တချို့မှာ ကာကွယ်ဆေးထိုးပြီး ရောဂါဖြစ်နိုင်သေးပေမဲ့ ရောဂါပြင်းထန်မှု မရှိကြပါဘူး။

ထိုးခွင့်ရရင် ထိုးသင့်ပါတယ်

ကိုဗစ်မဖြစ်ဖူးဘူး၊ ဘာလက္ခဏာမှလည်း မခံစားရဘူး ဆိုတဲ့သူတွေမှာ ကာကွယ်ဆေးကို အဆင်ပြေတဲ့အချိန် ထိုးနိုင်ပါတယ်။

ကိုဗစ်ဖြစ်တဲ့ သူတွေမှာတောင်

လက္ခဏာစပြပြီး (၁၀) ရက်ကျော်မယ်၊ အဖျားကျဆေးသောက်ဖို့မလိုပဲ မဖျားတာ (၂၄) နာရီကျော်မယ်၊ တခြားလက္ခဏာတွေလည်း သက်သာလာပြီ ဆိုရင် ကာကွယ်ဆေး ထိုးနိုင်တယ်လို့ သတ်မှတ်ပါတယ်။

ကာကွယ်ဆေး ပေါပေါများများမရှိရင်တော့ ဖြစ်ပြီးစ လူတွေကို နောက်မှ ထိုးပေးတဲ့ Policy ရှိနိုင်ပါတယ်။

အသုံးများတဲ့ ကာကွယ်ဆေး (၈) မျိုးလောက်ရှိပါတယ်

သေချာတယ် အားလုံးသိချင်တာက ဘယ်ကာကွယ်ဆေး အကောင်းဆုံးလဲ ဆိုတဲ့ အဖြေပါ

ဒီနေ့အထိ အချက်အလက်တွေ တွေ့ရှိရသလောက်

မြန်မာနိုင်ငံမှာ ရနိုင်ခြေရှိတဲ့ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို ကမ္ဘာမှာ အသုံးများတဲ့အစဉ်အတိုင်း ဖော်ပြပေးလိုက်ပါတယ်။

(၁) Oxford-AstraZeneca Covishield

နှစ်ကြိမ်ထိုးပြီး နှစ်ပတ်ကျော်ရင် လက္ခဏာပြတဲ့ ကိုဗစ်မဖြစ်အောင် 70-82% ကာကွယ်နိုင်ပါတယ်

ပြင်းထန်ကိုဗစ်မဖြစ်အောင် 90% ကျော် ကာကွယ်နိုင်ပါတယ်။

(၂) Pfizer-BioNTech

နှစ်ကြိမ်ထိုးပြီး နှစ်ပတ်ကျော်ရင် လက္ခဏာပြတဲ့ ကိုဗစ်မဖြစ်အောင် 80-92% ကာကွယ်နိုင်ပါတယ်

ပြင်းထန်ကိုဗစ်မဖြစ်အောင် 95% ခန့် ကာကွယ်နိုင်ပါတယ်။

(၃) Sinopharm

နှစ်ကြိမ်ထိုးပြီး နှစ်ပတ်ကျော်ရင် လက္ခဏာပြတဲ့ ကိုဗစ်မဖြစ်အောင် 79% ခန့် ကာကွယ်နိုင်ပါတယ်

ပြင်းထန်ကိုဗစ်မဖြစ်အောင်လည်း 79% ခန့် ကာကွယ်နိုင်ပါတယ်။

(၄) Moderna

နှစ်ကြိမ်ထိုးပြီး နှစ်ပတ်ကျော်ရင် လက္ခဏာပြတဲ့ ကိုဗစ်မဖြစ်အောင် 80-90% ကာကွယ်နိုင်ပါတယ်

ပြင်းထန်ကိုဗစ်မဖြစ်အောင် 95% ခန့် ကာကွယ်နိုင်ပါတယ်။

(၅) Sputnik V

နှစ်ကြိမ်ထိုးပြီး နှစ်ပတ်ကျော်ရင် လက္ခဏာပြတဲ့ ကိုဗစ်မဖြစ်အောင် 94% ခန့် ကာကွယ်နိုင်ပါတယ်

ပြင်းထန်ကိုဗစ်မဖြစ်အောင် 96% ခန့် ကာကွယ်နိုင်ပါတယ်။

(၆) Sinovac

နှစ်ကြိမ်ထိုးပြီး နှစ်ပတ်ကျော်ရင် လက္ခဏာပြတဲ့ ကိုဗစ်မဖြစ်အောင် 54% ခန့် ကာကွယ်နိုင်ပါတယ်

ပြင်းထန်ကိုဗစ်မဖြစ်အောင် 74% ခန့် ကာကွယ်နိုင်ပါတယ်။

(၇) Covaxin

နှစ်ကြိမ်ထိုးပြီး နှစ်ပတ်ကျော်ရင် လက္ခဏာပြတဲ့ ကိုဗစ်မဖြစ်အောင် 78% ခန့် ကာကွယ်နိုင်ပါတယ်

ပြင်းထန်ကိုဗစ်မဖြစ်အောင် 93% ခန့် ကာကွယ်နိုင်ပါတယ်။

အကြံပေးချင်တာက ထိုးချင်တာကို ထိုးနိုင်တဲ့အနေအထားရှိရင် ရွေးချယ်ပြီးထိုးပါ။

မဟုတ်ရင်တော့ အခမဲ့ရတာ အဆင်ပြေတာကို အရင်ထိုးထားတာ အရှုံးမရှိပါဘူး။ ထိုးချင်တာကိုလည်း အခြေအနေပေးရင် ထပ်ထိုးနိုင်ပါတယ်။

References: WHO, CDC, Yale Medicine, BBC, Company Websites

တစ်ကမ္ဘာလုံးနီးပါး ကာကွယ်ဆေးထိုးထားမှ ကိုဗစ်ရောဂါကို ကျော်လွှားနိုင်မှာမို့ အားလုံး ကာကွယ်ဆေး ထိုးဖြစ်အောင် ထိုးကြဖို့ တိုက်တွန်းလိုပါတယ်။

မှန်ကန်သော ကျန်းမာရေးဗဟုသုတတွေ မျှဝေပေးနေတဲ့

Happy & Healthy

အမြဲဖတ်ဖို့ See First လုပ်ထားစို့

ကျန်းမာပျော်ရွင်ကြပါစေ

ဒီစာကို ဖတ်မိပြီး အကျိုးရှိသွားရင် ဝမ်းသာပါတယ်

အများသိအောင် မျှဝေ ပေးကြပါဦး