Posted on

အဝလွန်ရောဂါကို အစာအိမ်မှန်ပြောင်းဖြင့်ကုသခြင်း

ကယ်လိုရီများတဲ့အစားအသောက်ရှောင်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့လည်း အရေးကြီးပါတယ်။
အဲ့လိုလုပ်ရုံနဲ့ လိုအပ်သလောက် ဝိတ်မကျလာတဲ့သူတွေအတွက် ကုသနည်းတွေ ဆက်ရှိနေတာပါ။

အဝလွန်တဲ့ လူနာတွေအတွက် (၆) လ လောက်အတွင်း သိသိသာသာ (၁၅ ရာခိုင်နှုန်းလောက်အထိ) ဝိတ်ကျသွားအောင် အစာအိမ်မှန်ပြောင်းကြည့်ပြီး ဘောလုံးလေးရေဖြည့်ပြီးထည့်ပေးထားတာ၊ အစာအိမ်ကျုံ့သွားအောင် တွဲချုပ်ပေးတာ စတဲ့ ကုသမှုတွေ အပါအဝင် နည်းလမ်းမျိုးစုံရှိပါတယ်။

အစာအိမ်အတွင်း ရေဘောလုံးထည့်တာကို ဒီမှာ လုပ်နိုင်ပါတယ်။ အရည်အသွေးကောင်းတဲ့ ဘောလုံးက ဈေးကြီးနေလို့ စုစုပေါင်း သိန်းတစ်ရာလောက် ကုန်ကျနိုင်တယ်။ ဘောလုံးပြန်ထုတ်ပြီးရင်တောင် အစားအသောက်ပုံစံပြောင်းသွားလို့ အထိုက်အလျောက် ဆက်အကျိုးရှိနေတာကို တွေ့ရပါတယ်။

Semaglutide လို ထိုးဆေးတွေလည်း အဝလွန်ရောဂါအတွက် ထိရောက်ပါတယ်။ ဆေးရဖို့ခက်ပြီး 2.4 mg တစ်ပတ်တစ်ခါ ထိုးရင် တစ်လစာ ဒေါ်လာတစ်ထောင်ကျော် ကျပါတယ်။ အမြဲထိုးနေရမှာဆိုတော့ ကုန်ကျစားရိတ်ချိန်ဆကြည့်နိုင်ပါတယ်။ ရပ်လိုက်ရင် ပြန်ဝလာဖို့များပါတယ်။

ဘယ်လိုလူတွေလုပ်သင့်သလဲ
~~~~~~~~~~~~~~~~
ကိုယ်အလေးချိန်နဲ့ အရပ် အညွှန်းကိန်း BMI 30 ကျော်တဲ့သူတွေ
BMI 27 ကျော်နဲ့ ဆီးချို/သွေးတိုး/သွေးတွင်းအဆီများ/အသည်းအဆီဖုံး/Sleep apnea အိပ်နေစဉ်အသက်ရှူလမ်းကြောင်းပိတ်ရောဂါရှိနေသူတွေလုပ်သင့်ပါတယ်။

ကောင်းကျိုး
~~~~~~~
ဝိတ်ကျမယ်၊ ဆီးချိုနဲ့ တခြား ဇီဝဖြစ်စဉ်ပြဿနာတွေ ကောင်းမွန်လာမယ်။ ကျန်းမာရေး အကျိုးကျေးဇူးများပါတယ်။

ဘေးထွက်ဆိုးကျိုး
~~~~~~~~~~
ဘောလုံးနဲ့အသားမကျသေးခင် တစ်ပတ်လောက်အတွင်း ပျို့/အန်ခြင်း ရှိနိုင်ပါတယ်။ နောက်ပိုင်းသက်သာသွားတာများပါတယ်။ Spartz3 ဘောလုံးနဲ့ဆိုရင် အဆင်ပြေမဲ့အရွယ်အစား ချိန်ညှိပေးလို့ ရပါတယ်။

အဝလွန်ခြင်းကို လျှော့ချနိုင်ပြီး ကျန်းမာပျော်ရွင်ကြပါစေ

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်

Posted on

သည်းခြေလမ်းကြောင်းကျောက်

သည်းခြေအိတ်ထဲက ကျောက်က လက္ခဏာမပြပဲ ရှိနေနိုင်ပေမဲ့ သည်းခြေလမ်းကြောင်းထဲ ကျောက်ကျပြီး ပိတ်ဆို့မှု/ရောင်ရမ်းမှု ဖြစ်လာရင် ဗိုက်အလွန်အောင့်၊ အသားဝါ၊ ဖျား၊ အန်တာတွေ ဖြစ်လာနိုင်ပါတယ်။
သည်းခြေလမ်းကြောင်းထဲမှာ ရှိနေတဲ့ ကျောက် အရွယ်အစားပေါ်မူတည်ပြီး ERCP အူသိမ်မှန်ပြောင်းကတစ်ဆင့် သည်းခြေလမ်းကြောင်းကျောက်ကို ဆွဲဖယ်ထုတ်ခြင်း၊ လမ်းကြောင်းပွင့်နေအောင် ထောက်ပြွန်ထည့်ပေးခြင်းနည်းစနစ်တွေနဲ့ ကုသပေးနိုင်ပါတယ်။ ကျောက်အရမ်းကြီးနေတယ်၊ သည်းခြေလမ်းကြောင်းထဲကို ဝင်လို့မရအောင်ပိတ်နေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ခွဲစိတ်ပါရဂူနဲ့ တိုင်ပင်ပြီး ကုသရပါမယ်။
Ursodeoxycholic acid 10-15 mg/kg/day ကျောက်ပျော်ဆေး ပုံမှန်သောက်နေခြင်းက လူနာအများစုမှာ အကျိုးရှိပါတယ်။

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်

ကျန်းမာပျော်ရွင်ကြပါစေ

Posted on

ART

HIV ရောဂါပိုးကုသဆေး ART ကို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုတွေ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်တွေကြောင့် မြန်မာနိုင်ငံမှာ အခမဲ့ပေးနေတဲ့နေရာ တော်တော်များပါတယ်။ ပိုးရှိသူများအနေနဲ့ ရောဂါမဆိုးခင် စနစ်တကျကုသမှု ခံယူရင် သက်တမ်းစေ့ ပုံမှန်နီးပါး နေနိုင်မှာ ဖြစ်ပါတယ်။

ဆေးအခမဲ့ပေးနေတာ သိကြပေမဲ့ ရောဂါပိုးရှိသူတိုင်း အခမဲ့ပေးနေတဲ့နေရာတွေက ဆေးထုတ်သောက်နေကြတာ မဟုတ်တာကို တွေ့ရပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားချက်နဲ့ သင့်တော်တဲ့ဆေးကို အကြောင်းအမျိုးမျိုးကြောင့် ဝယ်သောက်နေကြတဲ့ လူနာတွေလည်း များပါတယ်။ ကူးနိုင်ခြေဖြစ်ပြီး မကူးအောင် ကာကွယ်ဖို့ ၇၂ နာရီအတွင်း သောက်ရတဲ့ Post-Exposure Prophylaxis (PEP) ဆေးအတွဲကိုလည်း မကြာခဏ လိုအပ်ကြတာ တွေ့ရပါတယ်။

ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပုံမှန် တိုင်ပင်ပါ၊ စစ်ဆေးပါ၊ ကုသမှုချိန်ညှိပါ။

ဆရာဝန်နဲ့တိုင်ပင်ရန်ဖြစ်စေ၊ ဆေးဝယ်ယူရန်လိုအပ်ရင်ဖြစ်စေ
ငြိမ်းဆေးခန်း (ရန်ကုန်) Phone & Viber 09977273420 ကို သတိရလိုက်ပါ။

မြန်မာနိုင်ငံအတွက် ဆေးကုမ္ပဏီကြီးတွေက တရားဝင် Register လုပ်ပြီး သွင်းထားတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်ပါတဲ့ လူနာများအတွက် စနစ်တကျ ရောင်းပေးနေတာပါ။
(အခမဲ့ထုတ်ပေးနေတဲ့ဆေးတွေကို တစ်ဖက်လှည့်နဲ့ ပြန်ရောင်းပေးနေတာ မဟုတ်ပါ)
ပုံ၊ ဈေးနှုန်းနဲ့တကွ ကြည့်နိုင်ရန် 1st Comment မှာ Website link ပေးထားပါမယ်။
Comment မှာ ဖြစ်စေ၊ Messenger က ဖြစ်စေလည်း စုံစမ်းနိုင်ပါတယ်။

HIV ရောဂါပိုးကူးစက်မခံရအောင် ဂရုစိုက်ရှောင်ကြဉ်ပါ။
ကူးနိုင်ခြေဖြစ်ပြီးရင်လည်း အချိန်မီ ကာကွယ်ဆေးသောက်ပါ။
ရောဂါပိုးရှိလာရင်လည်း စနစ်တကျ ကုသမှုခံယူပါ။

ကျန်းမာပျော်ရွင်ကြပါစေ။

ငြိမ်းဆေးခန်း (ရန်ကုန်)
Phone & Viber 09977273420

Posted on

Helicobacter pylori (H. pylori) အစာအိမ်ပိုးကုသခြင်း


အစာအိမ်ပိုးကြောင့်
အစာအိမ်နဲ့အူသိမ်ရောင်ခြင်း၊ ပွန်းခြင်း၊ အနာဖြစ်ခြင်းကို မကြာခဏဖြစ်စေနိုင်တယ်။
ရှိနေတာကို မကုပဲထားရင် ကြာရင် အစာအိမ်ကင်ဆာဖြစ်လာနိုင်ခြေရှိတယ်။

Stool H. pylori Antigen ဝမ်းစစ်ဆေးခြင်း၊ မှန်ပြောင်းကြည့်ချိန်မှာ အသားစယူပြီး Rapid Urease Test စစ်ဆေးခြင်း၊ Urea Breath Test လေမှုတ်စစ်ဆေးခြင်းအားဖြင့် ပိုးရှိနေတာကို သိနိုင်ပါတယ်။

ပိုးရှိနေရင် တစ်ကမ္ဘာလုံး သဘောတူလက်ခံထားတဲ့ အာနိသင်ထိရောက်တာ သေချာတဲ့ ပိုးသတ်ဆေးနဲ့အစာအိမ်အက်ဆစ်ထိန်းဆေးတွေသုံးပြီး အနည်းဆုံး နှစ်ပတ် စနစ်တကျ ကုသပေးရပါတယ်။
Readymade combination ဆေးတွေက လိုအပ်တဲ့ ဆေးနဲ့ဆေးပမာဏပါဝင်မှု မလုံလောက်တာ တွေ့ရပါတယ်။

ကမ္ဘာ့အထင်ကရ Guideline တွေနဲ့လည်း ကိုက်ညီပြီး
မကြာသေးခင်က ကျွန်တော်တို့ Myanmar GI & Liver Society က ပြုစုထုတ်ဝေထားတဲ့ Consensus မှာလည်း ဖော်ပြထားတဲ့ ဆေးအတွဲ နှစ်မျိုးရှိပါတယ်။

ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ညွှန်ကြားချက်ရမှ စသောက်ပါ။

Bismuth Quadruple Therapy (BQT)
————————————-
ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးပိုများပေမဲ့ အရှင်းပျောက်နိုင်ခြေ ရာခိုင်နှုန်းပိုများလို့ အသုံးများတယ်။ နှစ်ပတ်သောက်ရပါတယ်။
Bismuth subsalicylate 300 mg တစ်ရက် (၄) ကြိမ်
(မြန်မာနိုင်ငံမှာ Besmal နာမည်နဲ့ 524 mg ပါတယ် တစ်လုံး (၄) ကြိမ်ပေးတယ်၊ Bismol နာမည်နဲ့ 265 mg၊ Gastrobiz နာမည်နဲ့ 262 mg ပါတယ် နှစ်လုံး (၄) ကြိမ်ပေးတယ်)
Tetracycline 500 mg တစ်ရက် (၄) ကြိမ်
Metronidazole 500 mg တစ်ရက် (၃) ကြိမ်
(200 mg ပဲပါတာများတော့ နှစ်လုံး (၄) ကြိမ်ပေးလိုက်တာ အဆင်ပြေတယ်၊ တခြား Guidelines တွေမှာတော့ တစ်ရက် အနည်းဆုံး 1500 mg ပေးဖို့ တိုက်တွန်းတယ်)
Rabeprazole 20 mg or Esomeprazole 20 mg or Omeprazole 40 mg တစ်ရက် (၂) ကြိမ်
(Pantoprazole ဆိုရင်တော့ 80-120 mg တစ်ရက် (၂) ကြိမ်လောက်ထိလိုမယ်)

Non-Bismuth Quadruple Therapy (NBQT)
————————————-
နှစ်ပတ်သောက်ရပါတယ်။ အများစုတော့ ပျောက်ကြတယ်၊ ဒီဆေးအတွဲနဲ့ မပျောက်တဲ့ အစာအိမ်ပိုးရှိသူ (၁၀) ရာခိုင်နှုန်းကျော်ရှိနိုင်တယ်။ မပျောက်ရင် အပေါ်မှာ ပြောခဲ့တဲ့ BQT ဆေးအတွဲကို ထပ်သောက်ရမယ်။

Amoxicillin 1000 mg တစ်ရက် (၂) ကြိမ်
Metronidazole or Tinidazole 500 mg တစ်ရက် (၂) ကြိမ်
(Tinidazole မရရင် Metro 200 mg တွေဆိုတော့ တစ်လုံးခွဲ နှစ်ကြိမ် သောက်ရဖို့များတယ်)
Clarithromycin 500 mg တစ်ရက် (၂) ကြိမ်
(မြန်မာအပါအဝင်အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အစာအိမ်ပိုးသည် Clarithromycin ဆေးနဲ့မတိုးတော့တာ (၁၅-၂၀) ရာခိုင်နှုန်းကျော်တွေ့လာရပါတယ်၊ ဒီဆေးအတွဲနဲ့ ကုသမှု မအောင်မြင်ခြင်းရဲ့ အဓိကအချက်လည်း ဖြစ်ပါတယ်)
Rabeprazole 20 mg or Esomeprazole 20 mg or Omeprazole 40 mg တစ်ရက် (၂) ကြိမ်
(Pantoprazole ဆိုရင်တော့ 80-120 mg တစ်ရက် (၂) ကြိမ်လောက်ထိလိုမယ်)

ဆေးတွေပြင်းလို့ ဘေးထွက်ဆိုးကျိုးများပေမဲ့ အစာအိမ်ပိုးက ပေးတဲ့ ပြဿနာတွေကလည်း များလို့ သည်းခံပြီး သောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

ဆေးသောက်ပြီး အရှင်းပျောက်ပြီလားဆိုတာ သိရဖို့ ဆေးရပ်ပြီး အနည်းဆုံး တစ်လလောက်အကြာမှာ Stool H. pylori Antigen ဝမ်းစစ်ဆေးခြင်း၊ Urea Breath Test လေမှုတ်စစ်ဆေးခြင်းအားဖြင့် စစ်ကြည့်ရပါမယ်။
အစာအိမ်အနာရှိလို့ တစ်လကျော်ရင် မှန်ပြောင်းပြန်ကြည့်သင့်တဲ့ လူနာတွေမှာ အသားစယူပြီး Rapid Urease Test စစ်ဆေးခြင်းလည်း လုပ်နိုင်ပါတယ်။

References
1. Chey WD et al. ACG Guideline. Am J Gastroenterol. 2024.
2. MGLS writing group. Myanmar Consensus. 2024

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်

ကျန်းမာပျော်ရွင်ကြပါစေ

ဆရာဝန် ဆရာ/ဆရာမများနှင့် လူနာများအနေနဲ့ အစာအိမ်ပိုးသတ်ဆေးအပါအဝင် အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ်ရောဂါ ကုသဆေးများ လိုအပ်ရင် ဆက်သွယ် မှာယူနိုင်ပါတယ်။ Myanmar Registered ဆေးတွေပါ။ မြို့တော်တော်များများ Cash on delivery ရပါတယ်။

ငြိမ်းဆေးခန်း (ရန်ကုန်)
Phone & Viber 09977273420

Posted on

HIV ကုသရာမှာ အာနိသင်ပိုကောင်းပြီး ဘေးထွက်ဆိုးကျိုးနည်းတဲ့ ART ဆေးအတွဲ


အကြောင်းအမျိုးမျိုးကြောင့် HIV ကူးစက်ခံရပြီး ပိုးတွေမပွားလာအောင် ART ဆေးပုံမှန်သောက်နေရတဲ့သူတွေ များပါတယ်။

တစ်ချို့ ART ဆေးအတွဲတွေက ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိပါတယ်။
Efavirenz ဆေးကြောင့် ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း၊ စိတ်ဓာတ်ကျ/စိတ်ပူပန်ခြင်း ဖြစ်နိုင်ခြေ ၁၅-၅၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။
ဆေးယဉ်ပါးတဲ့ ပြဿနာ ဖြစ်လာနိုင်ခြေလည်း ၅-၁၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။
Tenofovir DF 300 mg ဆေးကို နှစ်ကြာကြာသောက်ရင် ကျောက်ကပ်အားနည်းခြင်း ဖြစ်လာနိုင်ခြေ ၅ ရာခိုင်နှုန်းခန့် ရှိပြီး၊ အရိုးပွ/အရိုးကျိုးခြင်း ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းပိုများပါတယ်။
အာနိသင်ကတော့ မဆိုးပါဘူး၊ စောစောပေါ်ခဲ့တဲ့ဆေးတွေ ဖြစ်ပြီး တစ်ချို့ Brand တွေက ဈေးသက်သာလို့ သောက်နေတဲ့သူတွေများပါတယ်။ Budget ချိန်ရတဲ့ ဆေးအခမဲ့ ပေးတဲ့ စင်တာတွေမှာလည်း ပေးတာများပါတယ်။
ပိုကောင်းတဲ့ဆေး ပြောင်းသောက်ဖို့ အဆင်မပြေရင် Tenofovir DF + Emtricitabine/Lamivudine + Efavirenz ဆေးသာ ဆက်သောက်နေပါ ရပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပုံမှန်တိုင်ပင်ပြီး လိုအပ်တာတွေ ပုံမှန် စစ်ဆေးပါ။

တစ်ကမ္ဘာလုံးက Recommend လုပ်ကြတဲ့ အာနိသင်ပိုကောင်းပြီး ဘေးထွက်ဆိုးကျိုးနည်းတဲ့ ART ဆေးအတွဲတွေထဲမှာ လက်ရှိ မြန်မာနိုင်ငံမှာ ရနိုင်တာကတော့
Dolutegravir + Emtricitabine + Tenofovir AF 25 mg ပါ
ဆေးသုံးမျိုးပေါင်းစပ်ပါဝင်တဲ့ ဆေးကို တစ်ရက် တစ်လုံး သောက်ရုံပါပဲ။
တရားဝင်တင်သွင်းတဲ့ ဆေးအဖြစ် DOMTAF နဲ့ KOCITAF ဆိုပြီး ရှိပါတယ်။
တစ်လစာ အလုံး (၃၀) ပါ တစ်ဘူးကို ၁၅၀၀၀၀ ခန့် ရှိပါတယ်။ ကုန်ကျစားရိတ် အဆင်ပြေရင် သောက်သင့်ပါတယ်။ ဆေးစမသောက်မီ/ ဆေးမပြောင်းမီ ကျွမ်းကျင်တဲ့ သမားတော်နဲ့ သေချာတိုင်ပင်ပါ လိုအပ်တာ စစ်ဆေးပါ။

ဆေးဝယ်ယူချင်တယ် သို့မဟုတ် အထူးကုသမားတော်နဲ့တိုင်ပင်ချင်တယ်ဆိုရင်

Nyein Clinic ငြိမ်းဆေးခန်း
အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း၊ ရန်ကုန်
Phone & Viber 09 977273420 ကို ဆက်သွယ်နိုင်ပါတယ်

ရနိုင်တဲ့ဆေးတွေ ပုံ၊ ဈေးနှုန်းနဲ့တကွ ကြည့်ရန် Comment မှာ Link ပေးထားပါတယ်။

ကျန်းမာပျော်ရွင်ကြပါစေ

Posted on

H. pylori အစာအိမ်ပိုး

သင်သိပါသလား
***************
လူတစ်ရာမှာ အယောက် ၅၀ လောက် အစာအိမ်ပိုးရှိနေပါတယ်။
အစာအိမ်ပိုးရှိသူတွေဟာ အစာအိမ်နဲ့အူသိမ်မှာ ပွန်းခြင်း၊ ရောင်ခြင်း၊ အနာဖြစ်ခြင်း ဖြစ်နိုင်ခြေများပါတယ်။
အစာအိမ်ပိုးရှိသူ (၅) ယောက်မှာ (၁) ယောက်ကတော့ တစ်ချိန်ချိန်မှာ အစာအိမ်/အူသိမ် အနာဖြစ်နိုင်ခြေရှိပါတယ်။
ပိုဆိုးတဲ့ ပြဿနာကတော့ ကြာလာရင် အစာအိမ်ပိုးရှိသူတွေရဲ့ (၂) ရာခိုင်နှုန်းမှာ အစာအိမ်ကင်ဆာ ဖြစ်နိုင်တာပါ။ (၂) ရာခိုင်နှုန်းပဲ ဆိုပြီး လျှော့တွက်လို့တော့မရပါဘူး။
အစာအိမ်ကင်ဆာရှိသူ (၆၅ – ၈၀) ရာခိုင်နှုန်းမှာ H. pylori အစာအိမ်ပိုးရှိတာကို တွေ့ရတဲ့အတွက် ပေါ့ဆ လို့မရတဲ့ ပိုးအမျိုးအစားဖြစ်ပါတယ်။

စစ်ဆေးချင်ရင် ငွေ ၈၀၀၀ ကျပ် တည်းနဲ့ ငြိမ်းဆေးခန်းမှာ စစ်ဆေးနိုင်ပါတယ်
မစစ်ဆေးမီ သိထားသင့်တာတွေရှိလို့ ကြိုတင်ဆက်သွယ်ရန်
ငြိမ်းဆေးခန်း၊ ဗဟန်း၊ ရန်ကုန် Phone & Viber 09977273420