Posted on

COVID-19 ကာကွယ်ဆေးများ

⇰ ကိုဗစ်ကာကွယ်ဆေး

မထိုးရသေးတဲ့သူတွေ ထိုးကိုထိုးသင့်ပါတယ်

ကာကွယ်ဆေးထိုးထားရင် လူအများစုမှာ ရောဂါမဖြစ်အောင်တားပေးနိုင်ပါတယ်။ တချို့မှာ ကာကွယ်ဆေးထိုးပြီး ရောဂါဖြစ်နိုင်သေးပေမဲ့ ရောဂါပြင်းထန်မှု မရှိကြပါဘူး။

ထိုးခွင့်ရရင် ထိုးသင့်ပါတယ်

ကိုဗစ်မဖြစ်ဖူးဘူး၊ ဘာလက္ခဏာမှလည်း မခံစားရဘူး ဆိုတဲ့သူတွေမှာ ကာကွယ်ဆေးကို အဆင်ပြေတဲ့အချိန် ထိုးနိုင်ပါတယ်။

ကိုဗစ်ဖြစ်တဲ့ သူတွေမှာတောင်

Continue reading COVID-19 ကာကွယ်ဆေးများ
Posted on

ကိုဗစ်မှာ Dexa စနစ်တကျပေးနည်း

👩 ကိုဗစ်ဖြစ်တိုင်း Dexa ပေးဖို့လိုပါသလား ဆရာ။

👨‍⚕️ လက်ထိပ်မှာတိုင်းကြည့်လို့ အောက်ဆီဂျင် SpO2 ၉၄% အောက်ရောက်နေရင်တော့ Dexa သောက်ဆေး သို့မဟုတ် ထိုးဆေး စပေးသင့်ပါတယ်။ အောက်ဆီဂျင် ၉၄ အောက်မကျရင်တော့ မလိုပါဘူး။

👩 Dexa ပေးဖို့လိုရင် ဆေးပမာဏ (Dose) ဘယ်လောက်ပေးရမလဲ ဆရာ။

Continue reading ကိုဗစ်မှာ Dexa စနစ်တကျပေးနည်း
Posted on

ပို့စ်တင်တိုင်းဖတ်ဖို့ Telegram မှာ Join ပါ

ခင်မင်ရတဲ့ မိတ်ဆွေများအတွက် မှန်ကန်တဲ့ ကျန်းမာရေး ဗဟုသုတတွေ အမြဲမပြတ် သိနိုင်အောင် Telegram မှာလည်း Happy & Healthy ရှိနေပါပြီနော်။

အောက်က Link မှာ Join ထားနိုင်ပါတယ်။

https://t.me/drnyein

ကျန်တဲ့ မိတ်ဆွေတွေလည်း သိသင့်သိထိုက်တာတွေ မသိလိုက်ရ မရှိရအောင် Share ပေးကြပါဦး

ကျန်းမာပျော်ရွင်ကြပါစေ

Posted on

ပို့စ်တင်တိုင်း ဖတ်ဖို့ Viber မှာ Join ထားစို့

👉 ကျန်းမာရေး ဗဟုသုတတွေ အလွယ်တကူ သိရှိနိုင်ဖို့

Happy & Healthy Viber Community ကို ဖိတ်ခေါ်ပါတယ်နော်

Viber ဆိုတော့ အများစုလည်း သုံးတယ် လွယ်လည်းလွယ်တယ်လေ

Join ဖို့ အောက်က Join Viber ကိုနှိပ်လိုက်ပါ
Join Viber

မှန်ကန်တဲ့ ကျန်းမာရေး ဗဟုသုတတွေ မျှဝေနေတဲ့

Happy & Healthy

ပို့စ်တင်တိုင်း ဖတ်ဖို့ Viber မှာပါ Join ထားစို့

Posted on

အစာအိမ်ဆေးဘယ်အချိန်သောက်မလဲ

အစာအိမ်အက်ဆစ်ဓာတ် ထုတ်တဲ့ ဂလင်းတွေက မနက်ပိုင်းမှာ ပိုအလုပ်လုပ်ပါတယ်။

အစာအိမ်ဆေး -prazole တွေ သောက်ရင် မနက်စာမစားမီ သောက်ပါ။

💊ဗိုက်အောင့် ဗိုက်နာ ရောဂါက အဖြစ်များပါတယ်။

အစာအိမ်နဲ့ အူရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း စတဲ့ရောဂါတွေမှာ အစာအိမ်ဆေး စွဲသောက်ရလေ့ရှိပါတယ်။

👨‍⚕️ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘယ်လောက်ကြာအောင် သောက်ရမလဲဆိုတာ စမ်းသပ် စစ်ဆေးတွေ့ရှိတဲ့ အဖြေတွေ အပေါ်မူတည်ပြီး ညွှန်ကြားပေးပါလိမ့်မယ်။

စစ်ဆေးကြည့်လို့ အစာအိမ်ပိုးရှိနေရင် ပိုးသေဆေးတွေနဲ့ အစာအိမ်ဆေး တွဲသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။

👉Omeprazole, Esomeprazole, Pantoprazole, Lansoprazole, Rabeprazole စတဲ့ အစာအိမ်ဆေးတွေက အစာအိမ်အက်ဆစ်ဓာတ်ထွက်တာကို လျှော့ချပေးပြီး အစာအိမ်ရောင်တာကို သက်သာစေပါတယ်။

အစာအိမ်ရောင်တယ်ဆိုရင် များသောအားဖြင့် တစ်ရက် တစ်ကြိမ်သောက်ရင် လုံလောက်ပါတယ်။

⏲ဆေးအာနိသင်ကို အကောင်းဆုံး ရရှိနိုင်ဖို့အတွက် နံနက်စာမစားမီ နာရီဝက်လောက် ကြိုသောက်သင့်ပါတယ်။

ကျန်းမာပျော်ရွင်ကြပါစေ

ကျွမ်းကျင်တဲ့ သမားတော်နဲ့ ဖုန်း သို့မဟုတ် Viber video call မှတစ်ဆင့် တိုင်ပင် ဆွေးနွေးနိုင်ပါတယ်။
တိုင်ပင်ချင်ရင် Nyein Clinic ငြိမ်းဆေးခန်း 09977273420 ကို မနက် ၉ နာရီမှ ည ၈ နာရီအတွင်း ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။