Posted on

သွေးပေနေတဲ့အပ်နဲ့ စူးမိရင်ဘာဖြစ်မလဲ


>> အသည်းရောင်အသားဝါ ဘီပိုး (Hepatitis B Virus) ပါတဲ့သွေးဆိုရင်
စူးမိသူ လူဆယ်ယောက်မှာ (၃) ယောက် ကူးစက်နိုင်ခြေရှိပါတယ်
၃၀ ရာခိုင်နှုန်း

>> အသည်းရောင်အသားဝါ စီပိုး (Hepatitis C Virus) ပါတဲ့သွေးဆိုရင်
စူးမိသူ လူတစ်ရာ မှာ (၃) ယောက် ကူးစက်နိုင်ခြေ ရှိပါတယ်
၃ ရာခိုင်နှုန်း

>> အိတ်ချ်အိုင်ဗွီပိုး (HIV) ပါတဲ့သွေးဆိုရင်
စူးမိသူ လူတစ်ထောင် မှာ (၃) ယောက် ကူးစက်နိုင်ခြေ ရှိပါတယ်
၀.၃ ရာခိုင်နှုန်း

စာဖတ်ရသူတိုင်း အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိကြပါစေခင်ဗျာ

Posted on

အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးပါ

အသိတစ်ယောက် အူမကြီးကင်ဆာဖြစ်လို့တဲ့။ စသိတဲ့အချိန်က နောက်ကျတော့ အဆုတ်နဲ့ အသည်းကို ကင်ဆာပြန့်နေပြီပြောတယ်။ ဟိုတစ်လောက ဆုံးသွားပြီ။

စိတ်မကောင်းစရာပါ။

အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာ (Colorectal Carcinoma CRC) ကို ကြိုတင်ကာကွယ်လို့ရပါတယ်။

Continue reading အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးပါ
Posted on

အူမကြီးမှန်ပြောင်းကြည့်ဖို့လိုပြီလား

ထိပ်မှာ အလင်းရောင်နဲ့ ကင်မရာပါဝင်တဲ့ လက်ညိုးအရွယ်ပိုက်ပျော့လေးကို စအိုမှတစ်ဆင့် ထည့်ကြည့်တာပါ။

(အသက် ၄၅ နှစ်ကျော်တဲ့သူတိုင်း အူမကြီးကင်ဆာ ကြိုတင်စစ်ဆေးမှု ခံယူပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ဖို့ တိုက်တွန်းနေကြပါပြီ)

⚠️ အောက်ပါ အချက် (၁၇) ချက်မှာ တစ်ခုခု ရှိရင် အူမကြီးမှန်ပြောင်းကြည့်ဖို့လိုအပ်ပါတယ်။

Continue reading အူမကြီးမှန်ပြောင်းကြည့်ဖို့လိုပြီလား
Posted on

ဆေးဆိုင်

HIV ART ဆေးများ

ART ဆေးတွေ တစ်ခုချင်းစီအကြောင်းနဲ့ ဈေးနှုန်းတွေ သိချင်ရင် ဒီမှ ကြည့်ပါ။


စီပိုးဆေးများ

စီပိုးဆေးတွေအကြောင်းနဲ့ ဈေးနှုန်းတွေ သိချင်ရင် ဒီမှကြည့်ပါ။


ဘီပိုးဆေးများ

ဘီပိုးဆေးတွေအကြောင်းနဲ့ ဈေးနှုန်းတွေ သိချင်ရင် ဒီမှကြည့်ပါ။


အသည်းအားဆေးများ

အသည်းအားဆေးတွေ ပုံ၊ ဈေးနှုန်းနဲ့တကွ သိချင်ရင် ဒီမှ ကြည့်ပါ။


အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ ဆေးများ

အစာအိမ်ဆေးတွေအကြောင်းနဲ့ ဈေးနှုန်းတွေ သိချင်ရင် ဒီမှာ ကြည့်ပါ။

Posted on

HIV ရှိမှန်းသိရလို့ စိတ်မညစ်ပါနဲ့

အာနိသင်ကောင်းတဲ့ ဆေးသုံးမျိုးအတွဲပါဝင်တဲ့ဆေးကို တစ်ရက် တစ်လုံး သို့မဟုတ် နှစ်လုံးသောက်ရုံနဲ့ ပုံမှန်အတိုင်း နေနိုင်ပါတယ်။

Stem cell ကုသမှုနဲ့ HIV လုံးဝပျောက်သွားတဲ့ လူနာတွေ ရှိတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ပျောက်သွားတာ (၄) ယောက်လောက်ပဲ ရှိပါသေးတယ်။ လူတိုင်းကို ကုပေးဖို့ စိတ်ချရတဲ့ နည်းစနစ်တော့ မဟုတ်သေးပါဘူး။

HIV သံသယ ရှိရင်/ ရှိမှန်းသိရင်

Continue reading HIV ရှိမှန်းသိရလို့ စိတ်မညစ်ပါနဲ့
Posted on

ဗိုက်အောင့်ခြင်း/ဗိုက်မအီမသာဖြစ်ခြင်း

ဗိုက်အောင့်ခြင်းက အဖြစ်များပါတယ်။ လူငါးယောက်မှာ တစ်ယောက်လောက် ခံစားနေရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။

ဗိုက်အောင့်ခြင်း/မအီမသာဖြစ်ခြင်းကို ဆေးပညာအခေါ်အရ (Dyspepsia) လို့ခေါ်ပါတယ်။

အစာအိမ်နဲ့ အူသိမ်အစပိုင်းမှာ ဖြစ်တဲ့ ရောဂါတွေကြောင့် ဖြစ်တယ်လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။

လက္ခဏာတွေကတော့

Continue reading ဗိုက်အောင့်ခြင်း/ဗိုက်မအီမသာဖြစ်ခြင်း
Posted on

H pylori အစာအိမ်ပိုး

အစာအိမ်ပိုးဆိုတာ Helicobacter pylori (H. pylori) လို့‌ခေါ်တဲ့ ဘက်တီးရီးယားပိုး ဖြစ်ပါတယ်။

သုတေသနတွေအရ နိုင်ငံတော်တော်များများရဲ့ လူဦးရေ တစ်ဝက်လောက်အထိ အစာအိမ်ပိုးကူးစက်နေတာကို တွေ့ရှိရပါတယ်။ ကလေးဘဝမှာ ကူးခဲ့တာ များပါတယ်။

ကူးစက်ပြီးရင်လည်း အချိန်တန်ရင် ပျောက်သွားတတ်တဲ့ ပိုးအမျိုးအစားမဟုတ်ပါ၊ စနစ်တကျ ကုသမှသာ ပျောက်နိုင်ပါတယ်။

ကူးစက်နိုင်သောနည်းလမ်းများ

Continue reading H pylori အစာအိမ်ပိုး
Posted on

KOCITAF

HIV ကုသဆေးတွေ Recommend လုပ်ထားတဲ့အထဲမှာ Dolutegravir + Emtricitabine + Tenofovir Alafenamide ဆေးအတွဲဟာ ယခုလက်ရှိ မြန်မာနိုင်ငံမှာ ရနိုင်တဲ့ အကောင်းဆုံးဆေး၊ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဆေး လို့တောင် ဆိုနိုင်ပါတယ်။

KOCITAF နာမည်နဲ့ရနေပါပြီ

တစ်လစာ အလုံး (၃၀) ပါဘူး ဖြစ်ပါတယ်။

ရေရှည်သောက်ရင် ကျောက်ကပ်အားနည်းခြင်းနဲ့ အရိုးပွခြင်း ဖြစ်လာနိုင်ခြေရှိလို့

Continue reading KOCITAF
Posted on

အစာအိမ်မှန်ပြောင်းကြည့်ဖို့လိုပြီလား

အစာအိမ်မှန်ပြောင်းလို့ အလွယ်ပြောလိုက်ပေမဲ့ အစာရေမျိုပြွန်၊ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းတွေကို ကြည့်ရှုစစ်ဆေး ကုသပေးနိုင်တဲ့ မှန်ပြောင်းကြည့်နည်းစနစ်ဖြစ်ပါတယ်။ ထိပ်မှာ အလင်းရောင်နဲ့ ကင်မရာပါဝင်တဲ့ လက်သန်းအရွယ်ပိုက်ပျော့လေးကို ပါးစပ်ကတစ်ဆင့် ထည့်ကြည့်တာပါ။

⚠️ အောက်ပါ အချက် (၂၃) ချက်မှာ တစ်ခုခု ရှိရင် အစာအိမ်မှန်ပြောင်းကြည့်ဖို့လိုအပ်ပါတယ်။

Continue reading အစာအိမ်မှန်ပြောင်းကြည့်ဖို့လိုပြီလား